ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) မန္တလေး တိုင်းဒေသကြီး အတွင်း ကျောက်ဆည် ခရိုင်နှင့် မြင်းခြံခရိုင်များရှိ မြို့နယ် ၅ မြို့နယ်၌ ကွက်ကျား မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့် သီးနှံမျိုးစုံစိုက်ဧက ၂၄၃၄၅ ဧက ထိခိုက်ခဲ့ပြီး ၁ဝ၆၅၅ ဒသမ ၄၄ ဧက...
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ယနေ့နံနက် ၉ နာရီ ကျော်တွင် မိုးမောက်ရဲစခန်းအရှေ့တောင်ဘက် ၅ဖာလုံခန့်အကွာ လက်ဖက်ရည်ဆိုင်တစ်ခုရှေ့တွင် ပါဂျဲရိုး ယာဉ်အားမောင်းနှင်လာသူ ယာဉ်ပိုင်ရှင်သည် မိုးမောက်မြို့ဈေးအတွင်း ဈေးဝယ်ယူပြီးအပြန် ၎င်း၏ ယာဉ်ပေါ်သို့တက်ရန် ကားတံခါးဖွင့်စဉ် ကားအနီးတွင် ရပ်တန့်ထားသည့် အမျိုးအစား၊ အရောင်၊ ယာဉ်အမှတ်စိစစ်စဲ ဆိုင်ကယ်တစ်စီးမှာ...
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာပြီး ဟင်္သာတမြို့နယ် တောင်လုံးစုကျေးရွာအုပ်စု အောက်ရွာလေးကျေးရွာရှိ အိမ်ထောင်စု ၄၄ စုမှ လူဦးရေ ၁၈၅ ဦးတို့သည် နေအိမ်အတွင်း ရေများဝင်ရောက်လာမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဇူလိုင် ၂၀ ရက် ညပိုင်းက ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ မောင်းနှင်လာသည့် ဟိုင်းလတ်ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များထံမှ ငွေကျပ် သိန်း ၁၅၆၀ တန်ဖိုးရှိ WY စာတမ်းပါစိတ်ကြွဆေးပြား ၇၈၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန၊် ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတကာ၌ စားဖိုမှူးပညာရပ်ကို သင်ရိုးညွှန်းတမ်းစာအုပ်များဖြင့် သင်ကြားပေးလျက်ရှိသော်လည်း မြန်မာနိုင်ငံ၌ယင်းကဲ့သို့ သင်ရိုးညွှန်းတမ်းမရှိသဖြင့်အနာဂတ်တွင် စားဖိုမှူးသင်ရိုးညွှန်းတမ်း ထွက်ရှိလာ စေရန် မြန်မာစားဖိုမှူးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (MCDC) အနေဖြင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ တိုးမြှင့်နိုင်ရေး ကူညီသွားရန် အဆင်သင့် ရှိပြီး လူ့အခွင့် အရေး များ ပိုမို ရရှိလာမည်ဟု ယုံကြည်ကြောင်း ကုလ သမဂ္ဂ ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီက ယနေ့ဇူလိုင်...
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ၂၀၁၈ အာရှ ယူ-၂၃ ချန်ပီယံရှစ်ဘောလုံးခြေစစ်ပွဲ အုပ်စု(F)၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၂၁ ရက်(ယနေ့) ည ၆း၀၀ နာရီက သုဝဏ္ဏကွင်း၌ ဘရူနိုင်းအသင်းနှင့် မြန်မာအသင်းတို့ ကစားခဲ့ရာ မြန်မာအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်းအစရှိသည့်ရေနှင့် ဆက်နွယ် နေသော သဘာဝဘေး အန္တရာယ်များကို နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် ပုံမှန်ကြုံတွေ့ခံ စားရလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးအနီး နေပြည်တော် မြို့ပတ်လမ်းဘေးတွင် နိုင်ငံဝန်ထမ်းအိမ်ရာ စတင်တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်များကို ရေများဝင်ရောက်သဖြင့် လူ သုံးထောင်ကျော် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။