Connect with us

Politics, Law & Military

တန် ၂၂၀ ကျော် ပိတောက်သစ်ခွဲသားများ သီလဝါဆိပ်ကမ်းရှိ ကုန်သေတ္တာအတွင်းမှဖမ်းဆီးရမိ

ဖမ်းဆီးရမိ သည့် ပိတောက်သစ်ခွဲသားများ အားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon Police)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်း(MITT)ရှိ ကုန်သေတ္တာများအတွင်းမှ ပိတောက်သစ်ခွဲသားများ စုစုပေါင်းတန်ချိန် ၂၂၉.၁၉ တန်ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် ကျောက်တန်း

မြို့နယ်၊ သီလဝါဆိပ်ကမ်း(MITT) ရှိ ပြည်ပသို့တင်ပို့မည့် ကုန်သေတ္တာများတွင်တရားမဝင်သစ်များထည့်သွင်းထားကြောင်း သတင်းရရှိသဖြင့်

အကောက်ခွန်စစ်ဆေးရေးဝန်ထမ်းများမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ကျော်ကျော်ဇင် (YG Authoxzed Customs Agency) ပိုင် ကုန်သေတ္တာအလုံး ၂၀ အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ ပိတောက်သစ်ခွဲသား စုစုပေါင်းတန်ချိန် ၂၂၉.၁၉ တန်ခန့်အား ရှာဖွေ့တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေတွေ့ရှိခဲ့သဖြင့် ကျော်ကျော်ဇင်၊ (၃၆)နှစ်အား ကျောက်တန်းမြို့နယ်၊ သီလဝါနယ်မြေရဲစခန်း (ပ)၅၄/၂၀၁၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.