Connect with us

Sport

အာရှ ယူ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(H) ပွဲစဉ်များအား မြန်မာက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည်

အာရှယူ-၁၆ ခြေစစ်ပွဲများ အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် အသင်းနည်းပြချုပ်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၈ ခုနှစ် အာရှ ယူ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (H) ပွဲစဉ်များအား စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ စက်တင်ဘာ ၂၉ ရက် အထိ ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အာရှ ယူ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(H) ပွဲစဉ်များ အဖြစ် မြန်မာ လက်ရွေးစင် ယူ-၁၆ အသင်း နှင့် တရုတ် လက်ရွေးစင် ယူ-၁၆ အသင်းတို့သည် စက်တင်ဘာ ၂၅ ရက်တွင် လည်းကောင်း ၊ မြန်မာ နှင့် တောင်ကိုရီးယား ပွဲစဉ်အား စက်တင်ဘာ ၂၇ ရက်တွင် လည်းကောင်း ၊ မြန်မာ နှင့် ဖိလစ်ပိုင် ပွဲစဉ်အား စက်တင်ဘာ ၂၉ ရက်တွင် လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

အာရှ ယူ-၁၆ ခြေစစ်ပွဲများ အတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်း နည်းပြချုပ် ဦးညီညီလတ်က ယနေ့စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်သော ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီပြိုင်ပွဲ မတိုင်မီ အာဆီယံ ယူ-၁၅ ပြိုင်ပွဲကို ကစားခဲ့ရသလို ထိုင်းနိုင်ငံမှာလည်း သွားရောက် လေ့ကျင့်ရင်း ခြေစမ်းပွဲတွေ ကစားခဲ့ရလို့ ပြင်ဆင်မှုကတော့ လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် အသင်းတွေက ကျွန်တော်တို့ထက် နိမ့်တဲ့ အသင်းတွေမပါဘူး ဆိုတာကိုတော့ သိစေချင်ပါတယ်။”ဟု ယူ-၁၆ အသင်း နည်းပြချုပ် ဦးညီညီလတ်က ပြောသည်။

“အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ဖေဖော်ဝါရီလလောက် ကတည်းက စပြီး ပြုလုပ်ခဲ့တာပါ။ ကစားသမား တွေကို ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ယူ-၁၅ လိဂ်ပြိုင်ပွဲက ကစားသမားတွေထဲက အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူခဲ့တာပါ။”ဟု တရုတ် လက်ရွေးစင် ယူ-၁၆ အသင်း နည်းပြချုပ် Liu Junwei က ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် အာရှ ယူ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (H) ပွဲစဉ်များ အဖြစ် စက်တင်ဘာ ၂၅ ရက်တွင် တောင်ကိုရီးယား အသင်း နှင့် ဖိလစ်ပိုင် အသင်း ပွဲစဉ် အားလည်းကောင်း ၊ စက်တင်ဘာ ၂၇ ရက်တွင် ဖိလစ်ပိုင် အသင်း နှင့်် တရုတ် အသင်း ပွဲစဉ် အားလည်းကောင်း ၊ စက်တင်ဘာ ၂၉ ရက်တွင် တောင်ကိုရီးယား အသင်း နှင့် တရုတ် အသင်း ပွဲစဉ် အားလည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.