Connect with us

Sport

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အာရှယူ-၁၇ နှင့် ယူ-၁၅ ကြက်တောင် ပြိုင်ပွဲများ လက်ခံ ကျင်းပမည်

ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့စဉ်(ဓာတ်ပုံ-အား/ကာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် Badminton Asia U-17 and U-15 Junior Championships- 2017 ကြက်တောင် ပြိုင်ပွဲများအား အောက်တိုဘာ ၄ ရက်မှ ၈ ရက် အထိ ရန်ကုန်မြို့ရှိ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ သိရသည်။

ပြိုင်ပွဲကို မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ် (တိုင်ပေ) ၊ ဂျပန်၊ ဟောင်ကောင်၊ အိန္ဒိယ၊ မကာအို ၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလား ဒေ့ရှ် အသင်းပေါင်း ၁၃ သင်း ပါဝင်မည် ဖြစ်ပြီး အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲ၊ အမျိုး သမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး+ အမျိုးသားMix Double ပြိုင်ပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ဖိတ်ခေါ် ကြက်တောင်ပြိုင်ပွဲ များကို ၁၉၉၉ ခုနှစ်တွင် နောက်ဆုံးအကြိမ် အဖြစ် လက်ခံကျင်းပခဲ့ပြီး ၁၉ နှစ်ကြာမျှ လက်ခံကျင်းပနိုင်ခြင်း မရှိဘဲ ၂ဝ၁၇ ခုနှစ်မှစ၍ နိုင်ငံတကာ ကြက်တောင်အဖွဲ့ချုပ်များနှင့် ပူးပေါင်းကာ မြန်မာ့ကြက်တောင် အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက် အဆင့်မြင့်မားလာစေ ရေးအတွက် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲ များတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင် ရေး အတွက်လည်းကောင်း၊ နိုင်ငံ တစ်ဝန်းလုံးရှိ လူငယ်များ ကြက်တောင် အားကစားနည်းကို စိတ်ပါဝင်စားလာစေ ရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်သော ကြက်တောင်အား ကစားသမားမျိုးဆက် သစ်များထွက်ပေါ် လာစေရန်ရည်ရွယ်၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)