Connect with us

Politics, Law & Military

လက်ကျန်ပဲများ အိန္ဒိယသို့ ဆက်ပို့နိုင်ရန် အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲတင်သွင်းမှုကို ၅ – ၈ – ၂၀၁၇ တွင် ကန့်သတ်လိုက်ခြင်းကြောင့် ပြည်တွင်း လက်ကျန်ပဲများအား အိန္ဒိယနိုင်ငံသို့ ဆက်လက် တင်ပို့နိုင်ရန် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ တောင်သူများ၊ ကုန်သည် လုပ်ငန်းရှင်များ ပါဝင်သော အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ယနေ့ပြောကြား ခဲ့သည်။

“အထူးလုပ်ငန်းအဖွဲ့အနေနဲ့ ၂၀၁၇ စက်တင်ဘာ ၁၃ ရက်နေ့မှာ အိန္ဒိယ သံအမတ်ကြီးနဲ့ တွေ့ ဆုံပြီး ၅ – ၈ – ၂၀၁၇ နေ့မတိုင်မီချုပ်ဆိုထားတဲ့ ပဲစာချုပ်များကို အိန္ဒိယနိုင်ငံသို့ ဆက်လက် တင်ပို့ ခွင့် ရရှိရေး အိန္ဒိယနိုင်ငံက ကန့်သတ်ထားတဲ့ မတ်ပဲ ပဲတီစိမ်း တန်ချိန် သုံးသိန်းထဲက ထပ်ပြီး တင်ပို့ရန် ကျန်နေတဲ့ မတ်ပဲတွေကို မြန်မာနိုင်ငံက ဆက်လက်တင်ပို့နိုင်ရေး၊ ပဲရောင်းဝယ်မှုမှာ အိန္ဒိယနိုင်ငံနဲ့G to G MoU ရေးထိုးနိုင်ရေးအတွက် အိန္ဒိယနိုင်ငံဘက်က ဆွေးနွေးဆောင်ရွက်ရေး အဖွဲ့ဖွဲ့စည်းရေး ကိစ္စတွေ၊ မကြာမီ မတ်ပဲ စိုက်ပျိုးတော့မှာ ဖြစ်လို့ တောင်သူတွေကို အသိပေးနိုင် ဖို့အတွက် အိန္ဒိယနိုင်ငံဘက်က ဆောင်ရွက်မယ့် ကိစ္စတွေကို မြန်မာနိုင်ငံဘက်သို့ ကြိုတင် အသိပေးရေး ကိစ္စများကို ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့် ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌဒေါက်တာ မျိုးလွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

လက်ကျန်ပဲများ တင်ပို့နိုင်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ပြည်တွင်း လက်ကျန်ပဲများအတွက် ပြည်တွင်း ပဲစားသုံးမှု တိုးတက်လာစေရန် နေပြည်တော်၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ယနေ့နံနက် ပြုလုပ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများ၊ ပဲကိူ အခြားနည်းဖြင့် အသုံးပြုသည့် အသင်းအဖွဲ့လုပ်ငန်းရှင်များ၊ ပဲအခြေခံ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးသို့ ဌာနဆိုင်ရာ အသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပဲမျိုးစုံ တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်း အဖွဲ့မှ အဖွဲ့ဝင်များ၊ UMFCCI နှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းတို့မှ တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်များမှ တာဝန်ရှိ သူများ၊ ပဲတောင်သူများ တက်ရောက်ခဲ့ကြပြီး ပဲဈေးကွက် လက်ရှိ အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်ကလည်းကောင်း၊ ပဲစားသုံးမှုမှ ရရှိသည့် အကျိုးဆက်များကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်း ကုန်သည်များ အသင်း၊ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မျိုးလွင်က လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.