ရန်ကုန် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ) ပုသိမ်မြို့နယ် ချောင်းသာ ကြိုးဝိုင်း အတွင်း ဖိုးလွန်းချောင်းရှိ ရေစီးကြောင်း ကျောက်ဆောင်ကြားတွင် ညပ်၍ နွံနစ်နေသော ရက်သားအရွယ် တောဆင်ငယ်တစ်ကောင်အား ကယ်ဆယ် ထားရှိကာ မိခင် ဆင်အုပ် ထံသို့ ပြန်လည် ပို့ဆောင် နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း...
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ASEAN Tourism Forum (အာဆီယံခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ) 2018 ကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၀၈)မိနစ်၊ (၂၉) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြင်ပ (အိန္ဒိယ-မြန်မာ နယ်စပ်) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း...
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၂၃ ကျောင်း ခေတ္တပိတ်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတကာ ဈေးကွက်တွင် အတိုင်းအတာတစ်ခုအထိ နေရာရရှိ အောင်မြင်နေသည့် မြန်မာ ကော်ဖီအား ရေရှည် အောင်မြင်စေရန် အားလုံးပါဝင် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) မြန်မာ-EU နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobiaတို့ ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံ (CLMV နိုင်ငံများ)နှင့် တရုတ်နိုင်ငံတို့မှ ထိုင်းနိုင်ငံသို့ လာရောက် ဆေးကုသမှုခံယူသူများအား ပြည်ဝင်ခွင့်ဗီဇာ မလိုအပ်ဘဲ ရက်ပေါင်း(၉၀) နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ ဈာပနအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဂါဝရပြုပြီး ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ယာယီ ကယ်ဆယ်ရေး စခန်း များသို့ပြောင်းရွှေ့နေထိုင်မှုများ အနက် အိမ်ထောင်စု ၁၇၉၉၀ ခန့်မှ လူဦးရေ ၇၁၅၃၁ ဦးခန့်မှာ ယာယီ ကယ်ဆယ်ရေး စခန်းများတွင်...
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မိုးကောင်းတံတားထိပ်တွင် သတင်းအရ စောင့်ဆိုင်းရှာဖွေရာ ကျောက်စိမ်းအရွယ်စုံကျောက်တုံး ၁၆၃၃ တုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။