Connect with us

Education & Health

အစားအသောက်များ အန္တရာယ်ကင်းရန် ဌာနဆိုင်ရာများက အနီးကပ် ပူးပေါင်းညှိနှိုင်းမှု အားကောင်းဖို့လိုအပ်

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းအမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အစားအသောက်များ အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ အနေဖြင့် ထိုအစားအသောက်များ စိုက်ပျိုး ထုတ်လုပ်သည်မှ ဈေးကွက်သို့ ရောက်သည်အထိ ကွင်းဆက် တစ်လျှောက် နီးကပ်သည့် ပေါင်းစပ် ညှိနှိုင်းမှု အားကောင်းဖို့ လိုအပ်သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက ယနေ့ ပြောကြားခဲ့သည်။

“အစားအသောက် စိုပျိုး ထုတ်လုပ်သည့် ကွင်းဆက်တစ်လျှောက် ဘေးအန္တရာယ် ကင်းရေး ဆောင် ရွက်ရာတွင် International Practice နှင့် အညီ ခိုက်နာ ဆောင်ရွက်ရန် လိုအပ်တဲ့အပြင် ဌာနဆိုင်ရာ များ အနေဖြင့် နီးကပ်တဲ့ ပေါင်းစည်း ညှိနှိုင်းမှု အားကောင်းဖို့ လိုအပ်ပါတယ်” ဟု နေပြည်တော် Kempinski Hotal တွင် ယနေ့နံနက်ပြုလုပ်သည့် ‘အစားအသောက် အန္တရာယ် ကင်းရန် အကောင် အထည် ဖော်သည့် စနစ် စီမံရေးဆွဲခြင်းနှင့် အထောက်အကူပြုခြင်း’ အစည်းအဝေး၌ ၎င်းက ပြော ကြား ခဲ့သည်။

TDA Team Leader Mr.Frits Hendriks အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

FDA ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က မီဒီယာများမေးမြန်းသည်ကိုဖြေကြားနေစဉ် (ဆင်ဟွာ)

အစားအသောက် အန္တရာယ် ကင်းရန် အကောင် အထည် ဖော်သည့် စနစ် စီမံရေးဆွဲခြင်းနှင့် အထောက်အကူပြုခြင်း’အခမ်းအနားတွင်စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

တိုးတက်လာသော လူဦးရေ၊ ဖွံ့ဖြိုးလာသော နည်းပညာများကြောင့် ပြည်တွင်း ပြည်ပမှ ထုတ်လုပ် တင်သွင်းလာသည့် အစားအသောက်များ အလွန်များပြားလာသည့် အတွက် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို ထိန်းချုပ်ရန်မှာ အခက်အခဲ များစွာ ရှိကြောင်း၊ အစား အသောက် ကြီးကြပ် ကွပ်ကဲခြင်း ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့များ အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက် ပါဝင် ပတ်သက်နေသည့် စိုက်ပျိုး ထုတ်လုပ်သူ၊ သိုလှောင် ဖြန့်ဖြူး ရောင်းချသူ များသာ မကဘဲ နည်းပညာရပ်ဆိုင်ရာ ပညာရှင်များ၊ အသင်းအဖွဲ့များ အားလုံးက မိမိတို့ ကဏ္ဍ အလိုက် ပူးပေါင်း ပါဝင် ဆောင်ရါက်ကြမှသာ ဘေးအန္တရာယ် ကင်းပြီး အရည်အသွေးမီသည့် အစား အသောက်များ ရရှိလာမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ FDA (Food and Drug Administration)၊ TDA (Trade Development Programme) နှင့် European Union တို့ ပူးပေါင်းကျင်းပသော ထိုအစည်းအဝေး သို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ အရာရှိကြီးများ၊ ဆက်စပ် ဝန်ကြီးဌနများ၊ အသင်းအဖွြ့များမှ ကိုယ်စားလှယ်များနှင့်အတူ TDA Team Leader Mr.Frits Hendriks လည်း တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့သည်။

FDA ဦးစီးဌာန၏ အစားအသောက် အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အစည်းအဝေး တွင် ရှင်းလင်း တင်ပြခဲ့သည့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က “ ဆက်နွယ်နေတဲ့ အသင်း အဖွဲ့ အသီးသီးရဲ့ တာဝန်တွေကို တိတိကျကျ သတ်မှတ်ပြီး ရေရှည် အကျိုးရှိအောင် ဟန်ချက် ညီညီနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဒီနေ့ဆွေးနွေးကြမှာပါ၊ အစားအသောက် အန္တရာယ် ကင်းရှင်းဖို့က A, B, C အားလုံး ဟန်ချက်ညီဖို့လိုပါတယ်၊ A က Authority, B က Business, C က Consumer ပါ။ ထိန်းကျောင်း ကြပ်မတ်ပေးရတဲ့ တာဝန်ရှိသူတွေ၊ အစားအသောက် လုပ်ငန်း ရှင်တွေ နဲ့ စားသုံးသူတွေ။ ဒီသုံးမျိုးမှ အရေးကြီးဆုံးက Business သမားတွေပဲ၊ သူတို့က ဝိသမလောဘ တွေနဲ့ အန္တရာယ်ရှိမှာ သိရက်နဲ့ မဟုတ်တာတွေ မထည့်ဖို့ပဲ၊ အလားတူပဲ စားသုံးသူကလည်း ဥစ္စာ ကံစောင့် အသက်ဉာဏ် စောင့် ဆိုသလို အရောင်တွေ ရဲနေတာ အနံ့တွေ ဆိုးနေတာ ရက်လွန်နေ တာတွေကိုသတိ ရှိရှိနဲ့ ကိုယ့်အသိနဲ့ကိုယ် မစားဘဲနေဖို့လိုတယ်” ဟု မီဒီယာကို ပြောခဲ့သည်။

ယခု အစည်းအဝေးတွင် အစားအသောက် အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နေကြသည့် တစ်နိုင်ငံလုံးရှိ ဌာန အသင်းအဖွဲ့ အသီးသီး၏ လုပ်ငန်းများကို လေ့လာခြင်း၊ တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး အစားအသောက်များ အန္တရာယ် ကင်းရှင်းရေး စီမံချက်တစ်ရပ် ပေါ်ထွက်လာစေ မည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.