နေပြည်တော်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် နှစ်နှစ်တာအတွင်း သစ်တန်ပေါင်း ၉၆၁၇၉ တန် ဖမ်းဆီးရရှိခဲ့သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြည်သူ့လွှတ်တော်...
ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့်ရှာဖွေတွေ့ရှိသော နေရာများသို့ ဒေသခံငါးဖမ်းစက်လှေများက ပိုက်ဖြင့် တရွတ်ဆွဲ ရှာဖွေခြင်းများပြုလုပ်ခဲ့ရာ ပျက်ကျ Y-8 လေယာဉ် ကိုယ်ထည်အလူမီနီယံ အစိတ်အပိုင်းများအား ဇူလိုင် ၁၂ ရက်တွင် ထပ်မံဆယ်ယူရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ငဝန်မြစ်တို့ သည် မြစ်ရေများ မြင့်တက်နေသည့်အတွက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှကြေညာချက်ထုတ်ပြန်လိုက်သည်။
ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၌ ချင်းတွင်းမြစ် ရေကြီးရေလျှံ မှုကြောင့် ဇူလိုင် ၁၁ ရက်အထိ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံမျိုးစုံ ၅၉၅ ဧက ပျက်စီး ဆုံးရှုံးမှု ရှိကြောင်း မြို့နယ် စိုက်ပျိုးမှု ကြီးကြပ်ရေး အဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့များတွင် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ၂ ဦး တို့ကို ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်၊ ၁၆/၂၀၁၇ အား ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) မြစ်ငယ်မြို့ ကုန်းတွင်းဆိပ်ကမ်း၏ ရှေ့ပြေးစီမံကိန်းအဖြစ် မန္တလေး တိုင်းဒေသကြီး (ပုလိပ်) ဘူတာမှ ရန်ကုန်(ဝါးတန်း)ဘူတာသို့ ကွန်တိန်နာရထား ပြေးဆွဲရန် အတွက်အဆင်သင့်ဖြစ်နေကြောင်း၊ တိုင်း ၃ သွားလာရေး နှင့်ပို့ဆောင်ရေးဌာန (မန္တလေး) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ယခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင် မှုများ ပြုလုပ်နေသည့် မြန်မာလူငယ်အသင်းများနှင့် အီတလီ စီးရီးအေကလပ် အင်တာမီလန်လူငယ်အသင်းတို့ ၏ ခြေစမ်းပွဲများကို သြဂုတ်လဒုတိယပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ဧရာဝတီလင်းပိုင်များ အန္တရာယ်ဖြစ်စေမည့် တရားမဝင်ငါးဖမ်းနည်းစနစ်များ အသုံးပြုမှုလျော့ကျအောင် Smart Data Base Software အသုံးပြု၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်) ဒုတိယဦးစီးမှူး(လင်းပိုင်လေ့လာရေးနှင့် ထိန်းသိမ်းရေးတာဝန်ခံ) ဦးဟန်ဝင်းထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ကြောတစ်လျှောက် ၌ မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေသည့်အတွက် ကုန်တင်နှင့် လူစီးရေယာဉ်များကို ဇူလိုင် ၈ ရက် မှ၁၂ ရက်အထိ သွားလာခွင့် ပိတ်ထားရာမှ ဇူလိုင် ၁၆ ရက်အထိ ၄ ရက် ထပ်မံတိုးမြှင့်ကာ...
မန္တလေး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ရတနာပုံတက္ကသိုလ်၊ စက်မှုဇုန်၊ မင်္ဂလာ မန္တလေး စသည်တို့နှင့် နီးကပ်ပြီး ရန်ကုန် – မန္တလေး အမြန်လမ်းဘေးတွင် တည်ဆောက်မည့် လူလတ်တန်းစားများအတွက် ပထမဆုံးသော တန်ဖိုးသင့် အိမ်ယာကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇ း...