Connect with us

Sport

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ခြေစမ်းပွဲ (၂) ပွဲ ကစားမည်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ခြေစမ်းပွဲ အချိန်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် သြဂုတ်လ (၁၁) ရက် နှင့် (၁၄) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ NIS (1) တွင် Futsal League All Star အသင်းနှင့် ခြေစမ်းပွဲ (၂) ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခြေစမ်းပွဲ (၅) ပွဲ ယှဉ်ပြိုင်ကစားထားခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲအတွက် အပြင်းအထန်လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုဖြစ်သည့် အဆိုပါခြေစမ်းပွဲ (၂) ပွဲကို ပရိသတ်များအနေဖြင့် ဝင်ကြေး အခမဲ့ ဖြင့် ဝင်ရောက် ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.