ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ လာမည့် ဘောလုံးရာသီ ပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် ပုသိမ် ဘောလုံး အကယ်ဒမီ သင်တန်းကျောင်း...
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို အဓိကဆက်သွယ်သည့် ရန်ကုန်-ပဲခူး-မန္တလေးလမ်းဟောင်း ပြည်ထောင်စု လမ်းမကြီးအား လေးလမ်းသွားနိုင်လွန်ကတ္တရာခင်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို လာမည့် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးရန် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန် ၊ မတ် ၄ ရက်(ဆင်ဟွာ) မြန်မာ-အိန္ဒိယနယ်စပ်အနီး ဟုမ္မလင်းမြို့၏ အနောက်မြောက်ဘက်(၂၈)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိသော မြေငလျင်သည် ယနေ့မတ် ၄ ရက် နံနက်ပိုင်းတွင် လှုပ်ခတ် သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) ကျပ်သိန်းတစ်သောင်းဆု ချီးမြှင့်မည့် ကျပ်၅၀၀ တန် ထီလက်မှတ်များ ထီဆိုင်များတွင် ရောင်းအား သွက်လျက်ရှိကြောင်း၊ ယခင် ကျပ်၂၀၀ တန် ထီထိုးသူများလည်း ကျပ်၅၀၀ တန်ထီလက်မှတ်အား ပြောင်းလဲထိုးသူများရှိလာကြောင်း ထီဆိုင်မှ အရောင်းဝန်ထမ်းတချို့အား မေးမြန်းချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation) တို့၏ စတုတ္ထအကြိမ်အစည်းအဝေးသည် မျှော်မှန်းထားသည်ထက် ရလဒ်များ ပိုမိုကောင်းမွန်ခဲ့ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အဖွဲ့ဝင် ဦးလှမောင်ရွှေ က ယနေ့ ဆင်ဟွာကို...
နေပြည်တော်၊ မတ် ၃ ရက် (ဆင်ဟွာ) သဘာ၀ ဂေဟစနစ်များ တည်တံ့ခိုင်မြဲရေးကို ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ယနေ့နံနက်တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၌ကျင်းပသော နိုင်ငံအဆင့်...
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် နှလုံးခွဲစိတ်ကုသရန်ရှိသည့်အတွက် မတ်လ ၂၀ ရက်နေ့တွင် ပြန်စမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း ရှိမရှိ မသေချာဟု ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တချို့ ထံမှ သိရသည်။
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု နှင့် ပတ်သက်ပြီး သေဒဏ်ချမှတ် ခံထားရသည့် မြန်မာလုပ်သားနှစ်ဦး၏ အယူခံကို အယူခံတရားရုံးက မတ်လ ၁ရက် တွင် ပယ်ချခဲ့ခြင်း နှင့် ပတ်သက်ပြီး...
ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ) ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် တစ်စီးသည် ယနေ့မတ် ၂ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၈ဦးအနက် ၁ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ) စိန်ပေါလ် အထက်တန်းကျောင်းဟု လူသိများသည့် ဗိုလ်တထောင် မြို့နယ် အမှတ်(၆) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ ၁၇ ခုမြောက် ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ် အပြာရောင်...