Connect with us

Culture & Entertainment

မြန်မာ့ ရိုးရာ နှင့် အနောက်တိုင်း တူရိယာများ ပေါင်းစပ် ဖျော်ဖြေသည့် မြန်မာ ဂီတ ပွဲတော် ကျင်းပ


ရန်ကုန် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

မြန်မာ့ ရိုးရာ နှင့် အနောက်တိုင်း တူရိယာများ ပေါင်းစပ် ဖျော်ဖြေသည့် စတုတ္ထ အကြိမ်မြောက် မြန်မာ ဂီတ ပွဲတော် ၂ဝ၁၇ ဖျော်ဖြေပွဲအား ဇွန် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ဇတ်ရုံ၌ ကျင်းပခဲ့သည်။

“မြန်မာရိုးရာ တေးဂီတ တူရိယာတွေနဲ့ အနောက်တိုင်း တေးဂီတ တူရိယာတွေနဲ့ ပေါင်းပြီး တီးကြတဲ့ အခါမှာ ဘယ်လိုမျိုး ဂီတရသ အသစ်တွေ ရသလဲ ဆိုတာကို အဓိက ထုတ်ဖော်တယ်။ဒါကို မြန်မာ ပရိသတ်ကိုလဲ လက်တွေ့ ခံစားရစေ ဆိုပြီး လုပ်တာပါ။”ဟု သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ အနုပညာ ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးလှိုင်ဝင်းမောင်က ဆင်ဟွာသို့ ပြောသည်။

မြန်မာ ဂီတ ပွဲတော် ၂၀၁၇ တွင် တီးခတ် ဖျော်ဖြေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ ဂီတ ပွဲတော် ၂ဝ၁၇ ဖျော်ဖြေပွဲတွင် မြန်မာဂီတပညာရှင်များ၏ ဆိုင်းဝိုင်း၊ နှဲ၊ ပတ္တလား၊ စောင်း တူရိယာသံ များနှင့်အတူ နိုင်ငံတကာဂီတပညာရှင်များ၏ တယော၊ စန္ဒယားစသည့် တူရိယာများဖြင့် တွဲဖက်၍ နဂါးနီ ၊ တောဘွဲ့ပဒေသာ ၊ ဇာတ်သဘင် တီးကွက် ပဒေသာ ၊ ဂျိန်းဖော ၊ အလှ သစ္စာတရား စသည့် တေးဂီတများအား တွဲဖက် တီးခတ် ဖျော်ဖြေခဲ့ကြသည်။

မြန်မာ ဂီတ ပွဲတော် ၂၀၁၇ တွင် တီးခတ် ဖျော်ဖြေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ ဂီတ ပွဲတော် ၂၀၁၇ တွင် တီးခတ် ဖျော်ဖြေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် မြန်မာ ဂီတ ပွဲတော် ၂ဝ၁၇ ဖျော်ဖြေပွဲတွင် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များ အပါဝင် တရုတ် ၊ အမေရိကန် ၊ ထိုင်း ၊ မလေးရှား နိုင်ငံများမှ အနုပညာရှင် စုစုပေါင်း ၁၆ ဦးမှ သီဆို ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။မြန်မာ ဂီတ ပွဲတော် ဖျော်ဖြေပွဲအား ၂၀၁၄ ခုနှစ်မှ စတင် ကျင်းပ ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် မြစ်ကြီးနား ၊ နေပြည်တော် ၊ မန္တလေး မြို့များတွင် ကျင်းပပြုလုပ်ခဲ့သည်။(Xinhua)