Connect with us

Politics, Law & Military

မြန်မာ-အစ္စရေး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေး ကျင်းပ

မြန်မာ-အစ္စရေး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲကျင်းပစဉ်(ဓာတ်ပုံ- MOFA)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

မြန်မာ-အစ္စရေး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ ဇွန် ၁၆ ရက်နေ့တွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အစ္စရေးနိုင်ငံအစိုးရတို့သည် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အစ္စရေးသံရုံး(ရန်ကုန်မြို့)နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပူးပေါင်း၍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် များ ဆောင်ရွက်နေသော အစ္စရေးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ Israel’s Agency for International Development Cooperation (MASHAV) အဖွဲ့အစည်းတို့အကြား မြန်မာ-အစ္စရေး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်မြို့၊ အစ္စရေးသံရုံးမှ သံအမတ်ကြီး H.E. Mr. Daniel Zonshine ၊ MASHAV မှ ဒုတိယအကြီးအကဲ H.E. Mr. Yuval Fuchs နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.