ရန်ကုန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ရန်ကုန် ၊ မုံရွှာ ၊ မကွေး ၊ ပုသိမ် မြို့များတွင် အိမ်ခန်း စုစုပေါင်း ၁၀၁၃၂ ခန်းအား ယခု ၂၀၁၇ ခုနှစ် အတွင်း အပြီး တည်ဆောက်သွားပြီး ပြည်သူလူထုထံ ရောင်းချပေးသွားမည် ဖြစ်ကြောင်း...
နေပြည်တော်၊ မတ်လ ၂၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် သမ္မတ နိုင်ငံ သမ္မတ H.E. Mr. Hodrigo Roa Duterte နှင့် အဖွဲ့ဝင် ၁၀ ဦးတို့သည် ယမန်နေ့ညနေတွင် နေပြည်တော်သို့ရောက်ရှိခဲ့ပြီး ယနေ့နေ့လယ်ပိုင်းတွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ သမ္မတ ဦးထင်ကျော်နှင့်လည်းကောင်း၊...
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့၏ မြောက်ဘက် ၃၆ မိုင်ခန့်အကွာရှိ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ စစ်ဆေးမှုများဆောင်ရွက်စဉ် မူးယစ်ဆေးဝါးများနှင့် တရားမဝင်ကျောက်စိမ်းတုံးများသယ်ဆောင်လာသူအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ဒလတံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်နိုင်ရန် စီစဉ်ဆောင် ရွက်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၁၉၅/၅)မိုင်အနီး အနောက်ဘက် ၂ မိုင်ခန့် အကွာ တောတွင်းတစ်နေရာတွင် ဖရဲသီးများနှင့်ဖုံးအုပ်ကာ တင်ဆောင်ထားသည့် ကားတစ်စီးပေါ်မှ ခန့်မှန်း တန်ဖိုး ငွေကျပ်သန်း ၃၅၀ခန့်ရှိ ကျောက်စိမ်းရိုင်းတုံး နှစ်တုံးဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) မြန်မာ၊ ဂျပန်၊ ထိုင်း၊ အင်္ဂလန်နှင့် သြစတြီးယား ငါးနိုင်ငံပါဝင် ယှဉ်ပြိုင် ထိုးသတ်ကြသည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကြီးကို မတ် ၁၉ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူ ရိုးရာလက်ဝှေ့ အားကစားရုံ၌ စတင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်း ဒေသကြီးအတွင်း နွေသီးနှံ စိုက်ပျိုးမှုများအတွက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရန် ပြည်ထောင်စု သီးသန့်ရန်ပုံငွေ မှ ငွေကျပ် ၄ ဒသမ၂ ဘီလီယံ အသုံးပြုသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) တာချီလိတ်မြို့လွယ်တော်ခမ်းပူးပေါင်းဂိတ်၌ ငွေကျပ် သိန်း ၆၁ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပထမဆုံးအဖြစ် ၂၀၁၆ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအား ယနေ့မတ် ၁၈ ရက်တွင် ကျင်းပခဲ့ရာ အကောင်းဆုံး ရုပ်ရှင်အထူးဆု အပါအဝင် ရုပ်ရုင်ဇာတ်ကား ၇ ကားမှ ထူးချွန်ဆု ၁၀ ဆု...
နေပြည်တော်၊ မတ်လ ၁၈ ရက် (ဆင်ဟွာ) ဓာတ်ဆီ၊ ဒီဇယ်နှင့် LPG သုံး မော်တော်ယာဉ်များအား သဘာ၀ ဓာတ်ငွေ့(CNG) သုံး မော်တော် ယာဉ်များ အဖြစ် ၂၀၀၄ သြဂုတ်လမှ စ၍ ပြောင်းလဲတပ်ဆင်ပေးလျက်ရှိရာ ၂၀၁၇ မတ်လ ၁၆ ရက် အထိ မော်တော်ယာဉ်...