Connect with us

Science & Technology

ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များ၌ လျှပ်စစ်ဓာတ်အား ရရှိရန် ဆောင်ရွက်

လျှပ်စစ်ဓာတ်အားပေးရုံတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ဓာတ်အားပို့လွှတ်ရန် ကျန်ရှိနေသည့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များအား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိရေးဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအား ဓာတ်အား ရရှိရေးအတွက် ၆၆ ကေဗွီဓာတ်အား လိုင်း(၇၈)မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အား ခွဲရုံသုံးရုံ၊ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ၊ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တော ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအား Champion Construction Co., Ltd. သို့ Turnkey စနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်ထားပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေတွင်လည်း လိုအပ်သော ရန်ပုံငွေများအား ထည့်သွင်း ထားပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီး ပါက ဂွ၊ မြေပုံ၊ ကမ်းထောင်း ကြီး၊ ပေါက်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့ စသည့် ခုနစ်မြို့နယ်နှင့် ဆက်စပ်ကျေးရွာ ၁၇၅ ရွာ အိမ်ထောင်စုပေါင်း ၄၃၇ဝ၄ ခန့်အား လျှပ်စစ် ဓာတ်အားချိတ်ဆက် သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာမှစတင်ကာ ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့များသို့ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲ ရုံများ တည်ဆောက်ကာ ဓာတ်အား စနစ်မှ ဓာတ်အားဖြန့်ဖြူးပေး ထားပြီးဖြစ်ရာ ယခု လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ၊ သံတွဲ၊ ငပလီ၊ မအီ၊ တောင်ကုတ်နှင့် မင်းပြား စသည့် မြို့ပေါင်း ၁၂ မြို့ နှင့် ဆက်စပ်ကျေးရွာပေါင်း ၁၄၄ ရွာ အိမ်ထောင်စု ပေါင်း ၅၉၄၇၉ စုအား ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.