Connect with us

Social

ကချင်ပြည်နယ် အတွင်းရှိ အင်းတော်ကြီးကန်ဒေသအား ဇီဝအ၀န်းနယ်မြေ (Biosphere Reserve) အဖြစ် သတ်မှတ်

အင်းတော်ကြီးကန်ဒေသအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကို အဖွဲ့ချုပ်ရုံး၌ ဇွန် ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် ၂၉ ကြိမ်မြောက် လူသားနှင့် ဇီဝအ၀န်းနယ်မြေ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းဝေးတွင် ကချင်ပြည်နယ် အတွင်းရှိ အင်းတော်ကြီးကန်ဒေသအား ယူနက်စကိုအဖွဲ့ကြီး၏ လူသားနှင့် ဇီဝအ၀န်း နယ်မြေ အစီအစဉ် (UNESCO Man and the Biosphere Reserve Programme-MAB) အောက်ရှိ ကမ္ဘာ့ဇီဝအ၀န်း နယ်မြေများ ကွန်ရက်အတွင်း ပါဝင်သည့် ဇီဝအ၀န်း နယ်မြေတစ်ခုအဖြစ် အတည်ပြု သတ်မှတ်ခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးကန်သည် ထူးခြားသည့် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုတို့ကြောင့် ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်အနှစ် ဥယျာဉ်တစ်ခုအဖြစ် လည်းကောင်း၊ ကမ္ဘာ့အဆင့် အရေးပါသည့် ငှက်မျိုးစိတ်များ ကြွယ်ဝမှုနှင့် အခြား ထူးခြားသည့် ရေဝပ်ဒေသ အင်္ဂါရပ်များ ရှိခြင်း တို့ကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရမ်ဆာရေဝပ်ဒေသ (Ramsar Site) အဖြစ် လည်းကောင်း သတ်မှတ်ခံ ခဲ့ရသည်။

ရေဝပ်ဒေသဖြစ်သော အင်းတော်ကြီးကန်သည် စိုက်ပျိုးမြေများနှင့် သစ်တောများ ဝန်းရံထားကာ စနစ်တကျ ထိန်းသိမ်းခြင်း မပြုလုပ်ပါက အင်းတော်ကြီးကန်၏ ဂေဟစနစ်သည် ကျူးကျော်စိုက်ပျိုးမှု များနှင့် တရားမဝင် သစ်ထုတ်လုပ်မှုများကြောင့် ထိခိုက်ပျက်စီးနိုင်ပြီး ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးများ အသုံးပြုပါက ညစ်ညမ်းမှုများ ဖြစ်လာ၍ ပျက်စီးသွားမည်ဖြစ်သည်။

အင်းတော်ကြီးကန်ဒေသ ဇီဝအ၀န်းနယ်မြေ (Indawgyi Biosphere Reserve) အား ရေရှည်တည်တံ့ ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဟန်ချက်ညီစွာ အကောင်အထည် ဖော်နိုင်ရေး၊ စီမံအုပ်ချုပ်သွားနိုင်ရေး တို့ကို ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်သည့် အုပ်ချုပ်မှုစနစ်ဖြင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အစိုးရ အဖွဲ့များ၏ ဦးဆောင်မှုဖြင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.