ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ (၁၀) ရက်ပတ်တွင် ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ် နိုင်ပြီး၊ ပိုမိုအားကောင်းလာကာမုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင် ကြောင်း မိုးဇလမှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ သီးနှံများအား ကမ္ဘာ့ ဈေးကွက်ဝင် သီးနှံများ ဖြစ်လာစေရေးအတွက် နိုင်ငံတကာ စံချိန် စံညွှန်းများ အတိုင်း ချမှတ် လုပ်ကိုင်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်က ယနေ့နံနက်ပိုင်း၌...
ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ငလျင်ဒဏ်ခံခဲ့ရသော ဘုရား ပုထိုး စေတီများအား ၂၀၁၇ ဇန်နဝါရီလတွင် ပြုပြင်ထိန်းသိမ်းမှုများကို စတင်မည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ လက်ရှိ ကျင့်သုံးနေသည့် မူးယစ်ဆေးဝါး ဆိုင်ရာ မူဝါဒများကို UNGASS (The United Nations General Assembly Special Session) 2016 ထုတ်ပြန်ချက်များနှင့် အညီ အသစ်ရေးဆွဲမှုကို တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်...
ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်း၌ နိုဝင်ဘာ ၆ရက်မှ စတင်၍ ၁၅ ရက် အထိ ၁၀ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပွဲတော် ကာလတွင် ပြိုင်ပွဲဝင်မီးပုံးပျံ အလုံးရေ ၄၀၃ လုံး...
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းမှုရှိသော ငွေစက္ကူများ ပပျောက်စေရန် ငွေစက္ကူ လဲလှယ်ပေးသည့် စီမံချက် သက်တမ်းကို ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်အထိ တိုးမြှင့်ခွင့်ပြု ထားကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ် မှ...
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်၌ ဒီဇင်ဘာ ၁၅ ရက်မှ ၃၁ ရက်အထိ ပန်းပွဲတော် ကျင်းပရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ကန်တော်ကြီး အမျိုးသား...
ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ဒီမိုကရေစီသစ် အတွက် အားလုံးပါဝင်သော လွတ်လပ်သည့် မီဒီယာ ခေါင်းစဉ်ဖြင့် ပဉ္စမ အကြိမ်မြောက် မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံအား ယနေ့နိုဝင်ဘာ ၇ ရက်တွင် စတင်၍ ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ့်လန်ဈေးကြီးအား နိုဝင်ဘာ ၆ရက်နေ့က မီးလောင်မှုတွင် ဆိုင်ခန်း ၅၀၀ကျော် မီးလောင်ကျွမ်းပြီး ကျပ်သိန်း ၂၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း နမ့်လန်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အုပ်စု၊ နမ့်လန်ဈေးတွင် ယနေ့ညနေ (၆း၂၀)နာရီအချိန်တွင် စတင်လောင်ကျွမ်းခဲ့သည့် မီးလောင်ကျွမ်းမှုသည် ည၉ နာရီတွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဆင်ဟွာကိုပြောသည်။