Connect with us

Politics, Law & Military

ခိုင်ပြည်နယ်တွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာ ရှုတ်ချဟု မစ္စစ်ရန်ဟီလီဆို


ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းကဖြစ်ပေါ်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခံရမှုများအပေါ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီက ပြင်းထန်စွာရှုတ်ချကြောင်း ပြောကြားသည်။

ယင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်ခံရသော မိသားစုဝင်များအတွက် ဝမ်းနည်းစာနာကြောင်း၊ ဒေသခံများအတွင်း ခေါင်းဖြတ်သတ်ခံရမှုများနှင့်ပတ်သတ်ပြီး ဝမ်းနည်းတုန်လှုပ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။ ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ထွက်ပေါ်နေသည့် စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်၍လည်းကောင်း၊ လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများတိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။

မစ္စစ်ရန်ဟီလီ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီသည် ရခိုင်ပြည်နယ်တွင်း ဘာသာရေးခွဲခြားမှုနှင့် အသားရောင်ခွဲခြားမှုကို မလိုလားကြောင်း ကိုလည်းယနေ့ ၎င်း၏ခရီးစဉ်အဆုံးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။အဆိုပါ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီ၏ ၁၂ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ၂၁-ရာစုပင်လုံညီလာခံအောင်မြင်စွာကျင်းပနိုင်မှုအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ အခန်းကဏ္ဍ မြှင့်တင်ရေးကိစ္စများ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စများ၊ တည်ဆဲဥပဒေများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြန်လည်သုံးသပ်မှုများပြုလုပ်သည့်ကိစ္စနှင့် ဥပဒေကြမ်းရေးဆွဲမှု လုပ်ငန်းစဉ်များအားလည်းကောင်း ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စများကို လည်းအသီးသီး ဆွေးနွေးခဲ့သည်။မြန်မာနိုင်ငံတွင်း တွေ့ရှိခဲ့သော အချက်များကို ကုလသမဂ္ဂသို့ အစီရင်ခံစာတင်သွင်းမည်ဖြစ်ကြောင်း ရန်ဟီးလီကဆိုသည်။မြန်မာနိုင်ငံကုလသမဂ္ဂဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ရန်ဟီးလီသည၎င်း၏် မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်လာရောက်သော ခရီးစဉ်အတွက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၀ရက်နေ့တွင် ညပိုင်းတွင် ရန်ကုန်မြို့၊ချက်ထရီယံဟိုတယ် Ball Room 2 ၌ပြုလုပ်ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.