Connect with us

Politics, Law & Military

မြန်မာခေါင်းဆောင်များနှင့် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမည်

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုနေစဉ်(ဓာတ်ပုံ- MOFA)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ယနေ့ ဇန်နဝါရီ ၂၀ရက်နေ့တွင် ရောက်ရှိလာသော ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး The Rt. Hon. Boris Johnson၏ တရားဝင်ခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနထံမှ သိရသည်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ နှစ်ရက်တာ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီးစသည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

ယနေ့ နေ့လည် တစ်နာရီကျော်က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များမှ ကြိုဆိုခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.