Connect with us

Culture & Entertainment

တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်) ၁၁၁ နှစ်ပြည့်ပြီ

ရန်ကုန် #တိရစ္ဆာန် #ဥယျာဉ် ၁၁၁ နှစ်ပြည့် အထိမ်းအမှတ် ပွဲတော် ကျင်းပ#ဆင်ဟွာ

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အား ယခု ၂၀၁၇ ခုနှစ်တွင် နှစ်ပေါင်း ၁၁၁ နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ် အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ယနေ့ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်ထိ ၅ ရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

“ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ရဲ့၁၁၁ နှစ်ပြည့် အခမ်းအနားမှာ လာရောက်ကြတဲ့ ပြည်သူတွေကို တောရိုင်း တိရစ္ဆာန် တွေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်တဲ့ အချိန်မှာ ပြည်သူလူထုတွေ ဘယ်လို ပါဝင် ပတ်သက်ရမလဲ ဆိုတာကို သိစေချင်တယ်။တောရိုင်း တိရစ္ဆာန်နဲ့ပတ်သတ်လာလို့ရှိရင် ကလေးတွေကို ပညာပေးတဲ့ ဌာန အရမ်းနည်းတယ်။ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ပဲ ရှိတော့တယ်။”ဟု တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောသည်။တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သည် မြေဧက အားဖြင့် ၅၇ ဧက ရှိပြီး တိရစ္ဆာန် မျိုးစိတ်ပေါင်း ၃၅၀ ဝန်းကျင်ခန့်ရှိပြီး အကောင်ရေပေါင်း ၁၄၀၀ ခန့်ရှိကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သည် ၁၉၀၆ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၁၇ ခုနှစ်တွင် နှစ်ပေါင်း ၁၁၁ နှစ်ပြည့်မြောက်ပြီ ဖြစ်ရာ အထိမ်းအမှတ် အခမ်းအနားများ အဖြစ် ဂိမ်း အစီအစဉ်များ ၊ မျက်လှည့်ပြကွက်ဆန်းများ၊ ခြင်းအလှခတ်ပြကွက်များ၊ ကလေးပန်းချီဆွဲခြင်းများ၊ ဈေးဆိုင်ခန်းများ စသည့် အစီအစဉ်များ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)