ရန်ကုန်၊ ဒီဇင်ဘာ ၁ရက် (ဆင်ဟွာ)ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ကကြီးမှူးပြီးH&S Group က စီစဉ်မည့် မြန်မာ၊ လာအို၊ ထိုင်း နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အား ကစားရုံ၌ ဒီဇင်ဘာ ၄ ရက် နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့ထိ သေဆုံးသူ ၁၄ဦးနှင့် ဒဏ်ရာရရှိသူ ၅၅ ဦးထိ တိုးမြင့်လာကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
နေပြည်တော်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက် အတွင်းရေးမှူးးနှင့် အဖွဲ့ဝင် အချို့နှင့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့အား ရာထူး...
နေပြည်တော်၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် မြေယာ ပြသနာများ၊ အငြင်းပွားဖွယ် ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိရာ ၎င်းတို့ကို ထိရောက်စွာ ဖြေရှင်းနိုင်ရေးအတွက် ကောင်းမွန် မျှတသည့် အမျိုးသား မြေ ဥပဒေ ပြဌာန်းပေးရန် လိုအပ်သည်ဟု ပြည် ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ...
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ကာ အနောက် -အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကြောင်း၊ အားကောင်းသောမုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) စင်ကာပူ-မြန်မာ ဗီဇာ ကင်းလွတ်ခွင့် ကို ဒီဇင်ဘာ ၁ ရက်မှစ၍ ရရှိမည်ဖြစ်ပြီး ယင်း ဗီဇာ ကင်းလွတ်ချိန် တွင် စင်ကာပူ နိုင်ငံ၏ အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်နိုင်မည့် ဝင်ခွင့်ကတ် ကို စင်ကာပူနိုင်ငံ...
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၏ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံသို့တရားဝင်ခရီးစဉ် အဖြစ် ယနေ့နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူလေကြောင်းဖြင့် ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်း များကို လာမည့်နှစ် ဇန်နဝါရီလတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောင်းပြင်ပ ပညာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဒုတိယ အကြိမ် မြန်မာ နိုင်ငံ တောင်ပိုင်းဒေသ တွင် တရုတ်ဘာသာစကား သင်ကြားပေးနေသည့် ဆရာ/ဆရာမ များနှင့် လုပ်အားပေးပုဂ္ဂိုလ်များ အသင်း တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ယုဇန ဟိုတယ် တွင် နိုဝင်ဘာ ၂၈ ရက် မှ...
နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန် တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် နိုင်ငံ၏ အချုပ်အခြာ ထိပါးမှု တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ် အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး...