Connect with us

Social

ရန်ကုန်မြို့တွင်း အများပြည်သူများ ခရီးသွား အဆင်ပြေစေရန် စေတနာ့ ဝန်ထမ်းများမှ တဆင့် လက်ကမ်းစာစောင် ၅ သိန်းအား ဖြန့်ဝေပေးမည်


ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့တွင်း စနစ်သစ်ဖြင့် ပြောင်းလဲ ကျင့်သုံးမည့် မော်တော်ယာဉ်လိုင်းသစ်များနှင့် ပတ်သက်သည့် ယာဉ်လမ်းကြောင်း လက်ကမ်းစာစောင် ၅ သိန်းအား အများပြည်သူများ ခရီးသွား အဆင်ပြေစေရန် စေတနာ့ ဝန်ထမ်းများမှ တဆင့် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သိရသည်။

ထိုလက်ကမ်းစာစောင်များအား အများပြည်သူ လက်ထဲသို့မျှမျှ တတ ရောက်ရှိသွားစေရန် ဇန်နဝါရီ ၁၆ ရက်မှ စတင်၍ တစ်ရက်လျှင် တစ်သိန်းနှုန်းဖြင့် ငါးရက်ကြာ ဝေမျှ ပေးသွားရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး နော်ပန်းသဉ္စာမျိုးက ယနေ့ဇန်နဝါရီ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အဦ၌ စေတနာ့ ဝန်ထမ်းများဖြင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် စေတနာ့ ဝန်ထမ်းများ တွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် စေတနာ့ ဝန်ထမ်းများ တွေ့ဆုံစဉ် (ဆင်ဟွာ)

ထို့အတူ ယာဉ်လမ်းကြောင်း အခြေအနေများအား အများပြည်သူ လွယ်လင့်တကူ ပြည့်စုံစွာ သိရှိစေရေး အတွက် မိုဘိုင်း အပလီကေရှင်း(Mobile Application)အား YBS လူမှုကွန်ရက် စာမျက်နှာမှ တဆင့် မကြာမီ ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း အသိပေးခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်တွင် စနစ်သစ်ဖြင့် ရန်ကုန်မြို့တွင်း ပြောင်းလဲ ပြေးဆွဲမည့် မော်တော်ယာဉ်လိုင်းများနှင့် ပတ်သက်၍ အများပြည်သူ အခက်အခဲများအား ကူညီဆောင်ရွက်ရန် ကျောင်းသား လူငယ်များ ၊ လူမှု အဖွဲ့အစည်းများ နှင့် လွှတ်တော် ကိုယ်စားလှယ်များမှ စေတနာ့ ဝန်ထမ်းများ အဖြစ် ဦးရေ ၃၀၀၀ မှ ၅၀၀၀ ကြား အထိ ရှိကြောင်း သိရသည်။

“လောလောဆယ် စာရင်း ကောက်ခံထားတာ ကားစီးရေ ၃၇၀၀ ကျော်လောက် ရှိတယ်။အဲဒါအပြင်ကို တစ်ဦးချင်းပိုင် စာရင်းကောက်ထားတာလဲ ၉၀၀ ကျော်လောက် ရှိတယ်။တကယ်တမ်း ပြီးခဲ့တဲ့ စနစ်ဟောင်းနဲ့ပြေးဆွဲနေတာ အစီး ၄၀၀၀ ပတ်ဝန်းကျင်ပဲ ရှိတယ်။ကားတွေကတော့ အလုံအလောက် ရှိပါတယ်။နေရာချပေးဖို့ပဲ လိုပါတယ်။ဒီတစ်ပတ် အတွင်းမှာ ပြန်လာမယ့် တုံ့ပြန်မှုပေါ်မှာ မူတည်ပြီးတော့ လမ်းကြောင်း အသစ်တွေ ပေါ်လာနိုင်ပါတယ်။

တစ်ချို့လမ်းကြောင်းတွေ တိုးတာလဲ ပေါ်လာနိုင်ပါတယ်။ဒီတစ်ပတ် အတွင်းမှာ ပြည်သူလူထု လိုအပ်ချက်ကို နားထောင်ပြီးတော့ ဘတ်စကားလိုင်းတွေကို ပြန်ပြီး ညှိမှာဖြစ်ပါတယ်။”ဟု ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး နော်ပန်းသဉ္စာမျိုးက ပြောသည်။

ယခုအခါတွင် ပထမအဆင့် အနေဖြင့် စနစ်ကို ပြောင်းလဲခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ငွေပေးငွေယူ စနစ်အား ကတ်စနစ် အဖြစ် ပြောင်းလဲခြင်း ၊ မော်တော်ယာဉ်များအပေါ်တွင် CCTV ကင်မရာများ ၊ GPS စနစ်များ တပ်ဆင်၍ စနစ်တကျ ထိန်းချုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း စနစ်သစ်ဖြင့် ပြောင်းလဲ ပြေးဆွဲမည့် မော်တော်ယာဉ်လိုင်းများနှင့် ပတ်သက်၍ ၃ လတာအတွင်း ပြန်လည် သုံးသပ်သွားမည် ဖြစ်ပြီး တစ်နှစ်တာ ကာလ ကြာမြင့်လာသည့် အခါတွင် ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သည် နိုင်ငံတကာ အဆင့်အတန်းမီ ဖြစ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117