Connect with us

Science & Technology

တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နေ့လျှင် ရထားစီးခရီးသည် တစ်သိန်းနှစ်သောင်းကျော်ရှိ

ရထားတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နေ့လျှင် ရထားစီးခရီးသည် တစ် သိန်းနှစ်သောင်းကျော်ရှိကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) သွားလာရေးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာ့မီးရထားအနေဖြင့် လက်ရှိတွင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်သည့်အတွက် ရထားစီး ခရီး သည်အရေအတွက်မှာ သိသိသာသာပြောင်းလဲမှုမရှိသေးသော်လည်း အဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးပါက စီးနင်းသူ ယခု ထက်ပို၍ပိုမိုများပြားလာနိုင်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

မြန်မာ့မီးရထားအနေဖြင့် တစ်နိုင်ငံလုံး၌ အမြန်ရထား ၃၈ စင်း၊ စာပို့ရထား၅၆ စင်း၊ ကုန်တင်ရထား ၅၈ စင်း၊ ခရီးတိုရထား အစင်း ၂ဝ နှင့် ရန်ကုန်မြို့ပတ်ရထား ၂၁၅ စင်း စုစုပေါင်းရထား ၃၈၇စင်းဖြင့် ခရီးသည်များအား နေ့စဉ်သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.