Connect with us

Education & Health

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို ယုံယုံကြည်ကြည် သောက်ကြရန်လို

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်း စီမံချက် အစည်းအဝေးတွင် ခေတ္တညွှန်ကြားရေးမှူးးချုပ် ဒေါက်တာသန်းဝင်း အဖွင့် မိန့် ခွန်း ပြော နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင်ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ရည်မှန်းလျက် ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း စီမံချက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင ်တတိယနှစ်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ရာ တိုက်ကျွေးမည့် ဆေးများကို ယုံယုံကြည် ကြည်ဖြင့် အမှန်တကယ် သောက်သုံးကြရန် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ဇန်နဝါရီ လ ၁၂ ရက် ကပြုလုပ်ခဲ့သည့်အဆိုပါ စီမံချက်၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ခေတ္တ ညွှန်ကြားရေးမှူးးချုပ် ဒေါက်တာ သန်းဝင်းကတိုက်တွန်း ပြောကြားခဲ့သည်။

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး ဆေးတိုက်ကျွေးခြင်းကို ၂၀၁၄ ခုနှစ်ဒီဇင်ဘာလ နှင့် ၂၀၁၆ ခုနှစ်ဇန်နဝါရီ လတို့တွင် ဆောင်ရွက်ခဲ့ပြီးယခုအကြိမ်မှာတတိယအကြိမ်ဖြစ်၍ဇန်နဝါရီ ၂၀ ရက် မှ ၂၉ ရက်အထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်းသိရသည်။၂၀၁၆ ခုနှစ် လူအားလုံး ဆေးတိုက်ကျွေးခြင်း လုပ်ငန်းအတွက် ဆေးသယ်ယူ စရိတ်နှင့် လုပ်အားခ၊ သင်တန်း စရိတ်၊ စာရွက်စာတမ်းစရိတ်၊ ကွင်းဆင်းစရိတ် အသီးသီးနှင့် ဗီနိုင်း ပိုစတာများအတွက် နိုင်ငံတော်က ကျပ် ၁၉၂ ဒသမ ၅ သန်း ထောက်ပံ့ပေးခဲ့ပြီး လိုအပ်သော ဆေးများကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆေးအလှူရှင်များ ရရှိအောင် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးအတွက် လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်း အစည်းအဝေးတွင် ဒုတိယ ညွှန်ကြား ရေးမှူးးဒေါက်တာ ဇော်လင်းက ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်း စီမံချက် အစည်းအဝေးသို့ တက်ရောက်လာသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

ဆင်ခြေထောက်ပိုး ကာကွယ်ဆေး ကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊နေပြည်တော် ၊မန္တလေးတိုင်းဒေသကြီး၊မွန်ပြည်နယ်မှာ၊ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ပဲခူး တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး တို့တွင်မြို့နယ် စုစုပေါင်း ၁၉၃ မြို့နယ်၌ တိုက်ကျွေးသွားမည်ဟုသိရသည်။ထိုကာကွယ်ဆေးကိုအသက် နှစ်နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ အခြား ရောဂါတစ်ခုခု ကြောင့် အိပ်ရာထဲ လဲနေသူများ၊ မူးယစ် သောက်စားပြီး သတိလက်လွတ် ဖြစ်နေသူများနှင့် ရောဂါ တစ်ခုခု ကြောင့် ဆေးတစ်မျိုးကို စွဲသောက်နေရသူများမှလွဲ၍ ကျန်လူအားလုံးကို ဆေးတိုက်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။ (Xinhua)