ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ အသစ် ဒေါ်နယ်ထရမ့် လက်ထက်တွင် မြန်မာ-အမေရိကန် အစဉ်အဆက် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမြင့်လာရန် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ယနေ့နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၉ရက် (ဆင်ဟွာ) မွန်ပြည်နယ်ရှိ သုဝဏ္ဏဘူမိမြို့ ရှေးဟောင်းဒေသ တူးဖော်ရေး လုပ်ငန်းစဉ်အတွင်း တူးဖော် ရရှိထားသည့် သမိုင်းဝင် ရှေးဟောင်း ပစ္စည်းများ မပျက်စီးစေရေး အတွက် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယခုလအတွင်း စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ရှေးဟောင်း သုတေသနနှင့် အမျိုးသား...
နေပြည်တော်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှ စပြီး ပုဂ္ဂလိက သစ်ထုတ်လုပ်ငန်းများ ရပ်စဲမည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာသစ်လုပ်ငန်း၊ စီမံကိန်းနှင့် စာရင်းအင်းဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညီညီထွန်းက မီဒီယာသို့ ယနေ့ ပြောကြားသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နိုဝင်ဘာ ၉ ရက်တွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့သို့တစ်ရက်တာ ခရီးအဖြစ် သွားရောက်၍ နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ်အား ဂါရဝပြု လွမ်းသူ့ ပန်းခွေချပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင်...
နေပြည်တော်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ၂၁ နှစ်ကြာ သက်တမ်း ရှည်ကြာပြီး အားနည်းချက်များ ရှိနေသည့် မြန်မာ့ သစ်တော မူဝါဒ (၁၉၉၅)ကို ပြန်လည် သုံးသပ်မည်ဖြစ်ပြီး ပြောင်းလဲနေသည့် အခြေအနေများနှင့် လိုက်လျောညီအောင် ဆောင်ရွက်သွားမည် ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး...
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့က ကျင်းပခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၉၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၇၂၈ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၁၀ ဦး အပါအဝင် စုစုပေါင်း...
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အသင်း၏ ဆူဇူကီးဖလား မတိုင်မီ နောက်ဆုံးခြေစမ်းပွဲ ဖြစ်သည့် အိုမန်လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲကို လာမည့် နိုဝင်ဘာ ၁၄ ရက် ညနေ ၅း၀၀ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်ရာ လက်မှတ်များကို...
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ (၁၀) ရက်ပတ်တွင် ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ် နိုင်ပြီး၊ ပိုမိုအားကောင်းလာကာမုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင် ကြောင်း မိုးဇလမှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ သီးနှံများအား ကမ္ဘာ့ ဈေးကွက်ဝင် သီးနှံများ ဖြစ်လာစေရေးအတွက် နိုင်ငံတကာ စံချိန် စံညွှန်းများ အတိုင်း ချမှတ် လုပ်ကိုင်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်က ယနေ့နံနက်ပိုင်း၌...
ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ငလျင်ဒဏ်ခံခဲ့ရသော ဘုရား ပုထိုး စေတီများအား ၂၀၁၇ ဇန်နဝါရီလတွင် ပြုပြင်ထိန်းသိမ်းမှုများကို စတင်မည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။