Connect with us

Social

သုဝဏ္ဏဘူမိမြို့ ရှေးဟောင်းဒေသ တူးဖော်ရေး လုပ်ငန်းစဉ်အတွင်း ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယခုလအတွင်း စတင် ဆောင်ရွက်သွားမည်

သုဝဏ္ဏဘူမိမြို့ရှေးဟောင်းဒေသတူးဖော်ရေးလုပ်ငန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၉ရက် (ဆင်ဟွာ)

မွန်ပြည်နယ်ရှိ သုဝဏ္ဏဘူမိမြို့ ရှေးဟောင်းဒေသ တူးဖော်ရေး လုပ်ငန်းစဉ်အတွင်း တူးဖော် ရရှိထားသည့် သမိုင်းဝင် ရှေးဟောင်း ပစ္စည်းများ မပျက်စီးစေရေး အတွက် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယခုလအတွင်း စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ တူးဖော်ပြီးစီး ရရှိထားသော ရှေးဟောင်း အမွေအနှစ် ပစ္စည်းများ မပျက်စီးစေရေး အတွက် ထိန်းသိမ်းခြင်း များနှင့် ဆက်လက် တူးဖော်မည့် လုပ်ငန်းစဉ်များကို ခွင့်ပြုထားသည့် ရန်ပုံငွေ ငွေကျပ်သိန်း ၁၅ဝဝ ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ ယမန်နှစ်က တူးဖော်ထားသည့် ပစ္စည်းများကို ယာယီ အမိုးနှင့် ထားရှိပြီး ယခုရရှိသော ခွင့်ပြု ရန်ပုံငွေ အနက်မှ အသုံးပြု၍ ခိုင်ခံ့သော အဆောက်အအုံ များဖြင့် ထိန်းသိမ်း ကာကွယ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

လက်ရှိတွင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီမှာ ရောက်ရှိနေပြီ ဖြစ်၍ မကြာမီ လုပ်ငန်းများ စတင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက် တူးဖော်မည့် လုပ်ငန်းကို ဝင်းကကျေးရွာ ၌ ဆောင်ရွက်နေပြီး စစ်တောင်းမြစ်ဝှမ်း ကျိုက္ကသာ မြို့ဟောင်းအနီး မလော့ချောင်း ကျေးရွာ၌ တူးဖော်စဉ်က ယဉ်ကျေးမှု ဖြစ်စဉ် အနည်းဆုံး သုံးခုအထိ တွေ့ရှိခဲ့ရ ကြောင်း၊ ၎င်းတို့မှာ မြေမီးဖုတ်အုတ်များ အသုံးပြု တည်ဆောက်ထားမှု၊ အုတ်၊ နှမ်းဖတ်ကျောက်များ ရောစပ် အသုံးပြုမှု၊ တည်ဆောက်မှု ဟန်များနှင့် ဂဝံကျောက်များပါ ပေါင်းစပ် အသုံးပြုမှုများ ကိုတွေ့ရှိရသည်။

ယင်းရှေးဟောင်း ဒေသ တူးဖော်ခြင်း လုပ်ငန်းသည် အချိန်ကာလ ကြာမြင့်မည် ဖြစ်ပြီး ပညာရှင်များဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ကာ နောက်ပိုင်းကာလ များတွင် ငွေကြေးပိုင်း လိုအပ်မှုများ ရှိလာနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.