Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ထိုင်းနိုင်ငံသို့သွားရောက်၍ နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ်အား ဂါရဝပြု လွမ်းသူ ပန်းခွေချ

နိုင်ငံတော် သမ္မတ ဦးထင်ကျော်မှ ထိုင်းဘုရင့်နန်းတော်တွင် ဂါရ၀ပြု လွမ်းသူ ပန်းခွေချနေစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နိုဝင်ဘာ ၉ ရက်တွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့သို့တစ်ရက်တာ ခရီးအဖြစ် သွားရောက်၍ နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ်အား ဂါရဝပြု လွမ်းသူ့ ပန်းခွေချပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ၁၀း၁၀ နာရီတွင် ထိုင်းဘုရင့်နန်းတော် Dusit Maha Prasat Throne Hall တွင် နတ်ရွာစံသွားသည့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ရှ်အား ဂါရဝပြုပြီးလွမ်းသူ့ပန်းခွေချခဲ့ပြီးနောက် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်း အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့အတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မြန်မာသံရုံး၊ ဘန်ကောက်မြို့သို့ သွားရောက်ပြီး သံရုံး အဆောက်အဦသစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ သံရုံးဝန်ထမ်းများ၊မိသားစုများ၊ မြန်မာ ပညာတော်သင်ကျောင်းသူ/ကျောင်းသားများနှင့် တွေ့ဆုံမှု ပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘန်ကောက်မြို့မှ မြန်မာနိုင်ငံသို့ ယနေ့ညပိုင်းတွင် ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.