နေပြည်တော်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ချေးငွေ ဒေါ်လာသန်း ၈၇၀၀ ကျော် ပေးဆပ်ရန် ကျန်ရှိကြောင်းဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇူလိုင်လ အတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် မန္တလေး အခမဲ့စာကြည့်တိုက်များ တည်ထောင်သူ ကိုသိန်းဇော်(ခေါ်)ကိုဇော်ဇော် ကို ရွေးချယ်၍ ကျေးဇူးတင်လွှာအား နိုင်ငံတော်၏ အတိုင်ပင်ခံရုံးမှ ယနေ့သြဂုတ် ၁၆ ရက်တွင်...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အတွင်း စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြည်ပသို့ တင်ပို့ရောင်းချ ပါက နှစ်အကန့်အသတ် မရှိ အခွန် ကင်းလွတ်ခွင့် ပေးမည်ဖြစ်ကြောင်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ကိုယ်ပိုင်ယာဉ် နံပါတ်အနက်မှ အနီပြောင်းခြင်းကို ခရီးသည်တင်ယာဉ်များနှင့် အငှားယာဉ်များ စနစ် ပြောင်းလဲပြီးမှသာ ပြန်လည်ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောငည်။
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်ရေးအတွက် တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် ယုံကြည်မှု၊ ညီညွတ်မှုတို့ဖြင့် ဝိုင်းဝန်းကူညီကြရန် နိုင်ငံတော ်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ကိုယ်ဝန်ဆောင်မိခင် အများစု သုံးစွဲကြသည့် OBIMIN(အိုဘီမင်) အားဆေး အတွင်းသား အရောင်ပြောင်းလဲခြင်း နှင့်ပတ်သက်၍ ဆေးနမူနာများကို စမ်းသပ် စစ်ဆေးပြီးမှသာ အဖြေထုတ်ပြန် ပေးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (နေပြည်တော်) မှ...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သားများစေလွှတ်ရာတွင် သတ်မှတ်နှုန်းထားတက် ပိုမိုကောက်ခံပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ တိတိကျကျတိုင်ကြားရန်လိုအပ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) တစ်နိုင်ငံလုံး မိုးစပါး စိုက်လယ်မြေ ၁၅ သန်းကျော်ရှိသည့်အနက် စုစုပေါင်း ၄၁၆၁၃၅ ဧက ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် တောင်သူလယ်သမားများ၏ ရေကြီးနစ်မြုပ် ပျက်စီးသွားသော လယ်မြေများအား မိုးစပါး အချိန်မီပြန်လည် စိုက်ပျိုးနိုင် ရေး လိုက်နာ ဆောင်ရွက်ရန်...
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေ သည် သြဂုတ်လ ၁၄ ရက်နေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ၂၉ . ၃၀ ပေ စိုးရိမ်ရေအမှတ်အထက် ၂ပေနှင့် ဝ. ၃၀ လက်မ ကျော်လွန်လျက်ရှိပြီး မြစ်ရေ...
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်သည့် ရပ်ရွာအခြေပြုရှေ့ပြေးစီမံချက် Community Based Policing ကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။