Connect with us

Social

မြန်မာနိုင်ငံသို့ ၂၀၂၀ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၇သန်းကျော် မျှော်မှန်းထားဟု ဒုသမ္မတဆို

၂၀၁၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ၂၀၂၀ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၇သန်းကျော် လာရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၂၀၁၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ခရီးသည်ရောက်ရှိမှု ၄ ဒသမ ၆ သန်းရှိပြီး ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၇သန်းကျော် လာရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ခရီးသွားအရေအတွက် ၁၁၈၄ သန်းခန့်ရှိပြီး ယခင်နှစ်ထက် ၅ရာခိုင်နှုန်း တိုးတက်ပြီး ၂၀၂၀ ခုနှစ်တွင် ၁ ဒသမ ၄ ဘီလီယံနှင့် ၂၀၃၀ ခုနှစ်တွင် ၁ ဒသမ ၈ ဘီလီယံအထိ တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်း၊ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ၏ ခန့်မှန်းချက်အရ အာရှ- ပစိဖိတ်ဒေသတွင် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၅၄၀ သန်းရောက်ရှိခဲ့ပြီး ကမ္ဘာ့ဈေးကွက်၏ ၃၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထား ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.