Connect with us

Social

ထိုင်းနိုင်ငံမဲဆောက်မြို့တစ်ပတ်ကြာလည်ပတ်ခွင့် ရရှိသည့်အတွက် သွားရောက်လည်ပတ်သူများပြား

နယ်စပ်ဂိတ်အားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ယခင်က မြဝတီမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ မြန်မာနိုင်ငံမှ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်ရာတွင် နေ့ချင်းပြန်သာ သွားရောက်ခွင့် ပေးခဲ့ခြင်းကြောင့် သွားရောက်သူ အနည်းငယ်သာ ရှိခဲ့သော်လည်း အောက်တိုဘာ ၁ ရက်မှစ၍ တစ်ပတ်ကြာ တိုးမြှင့် လည်ပတ်ခွင့်ပြု လိုက်ခြင်းကြောင့် လက်ရှိတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက် လည်ပတ်သည့် ပြည်တွင်း ခရီးသွားဧည့်သည် နေ့စဉ်မြင့်တက် လာကြောင်း ပြည်တွင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပြည်တွင်း ခရီးသွားဧည့်သည် များအနေဖြင့် ယင်းကဲ့သို့ သွားရောက် လည်ပတ်မှု ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်အတွက် တစ်ဦးလျှင် မြန်မာနိုင်ငံဘက် လူဝင်မှု ကြီးကြပ်ရေး၌ ငွေကျပ် ၁၅ဝဝ နှင့် ထိုင်းနိုင်ငံဘက်၌ ထိုင်းဘတ် ၂ဝ (မြန်မာ ငွေကျပ် ၇၂ဝ) ပေးသွင်း ရကြောင်း သိရသည်။

ကိုယ်ပိုင်ကားဖြင့် သွားရောက် လည်ပတ် လိုသူများ အနေဖြင့် မဲဆောက်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း သွားလာခွင့် အတွက် မြန်မာငွေကျပ် ၂၅ဝဝဝ (ထိုင်းဘတ် ၇ဝဝ) ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

မဲဆောက်မြို့သို့ တစ်ပတ်ကြာ သွားရောက် လည်ပတ်မည့် မြန်မာနိုင်ငံသား ခရီးသွား ဧည့်သည်များ အနေဖြင့် မဲဆောက်မြို့ အပါအဝင် ဖုတ်ဖရာ နှင့် မယ်ရမတ် မြို့များသို့ပါ သွားရောက် လည်ပတ်ခွင့် ရမည်ဖြစ်ကြောင်း၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.