Connect with us

Social

မလေးရှား ထိန်းသိမ်းရေး စခန်းများရောက် မြန်မာလုပ်သား ၁၅၁၀ ဦးအားခေါ်ယူပြီးဖြစ်

ပြန်လည်ရောက်ရှိလာကြသည့် မြန်မာလုပ်သားများအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မလေးရှား ထိန်းသိမ်းရေး စခန်းများရောက် မြန်မာလုပ်သား များအား သြဂုတ် ၈ ရက်မှ ပထမအသုတ် အဖြစ်စတင်ခေါ်ယူခဲ့ပြီး ၁၁ကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၃၇ ဦး ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး၊ ယခု အကြိမ်သည် ၁၁ ကြိမ်မြောက်ဖြစ်ကာ စုစုပေါင်း လူဦးရေ ၁၅၁ဝ ဦး ခေါ်ဆောင်ပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခု၌ အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား များအနက် မြန်မာလုပ်သား ၁၃၇ ဦးသည် MAI လေယာဉ်ဖြင့် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ပြန်လည်ရောက်ရှိ လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား Mother Trading and Construction Co., Ltd. နှင့် မိဘဂုဏ်ရည် အဖွဲ့သားများက လေယာဉ် စင်းလုံးငှား၍ အခမဲ့ပို့ဆောင် ပေးသည့်အပြင် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝဝ စီထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။ ရောက်ရှိလာသော လုပ်သားများအား ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) အနေဖြင့် နေရပ်ပြန်စရိတ်၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းကို ထောက်ပံ့ပေး ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း ကူညီပေးခဲ့သည်။ နေရပ်သို့ ချက်ချင်းမပြန်နိုင် သူများအား ရန်ကုန်မြို့တွင် ခေတ္တနေရာ ချထားပေး ကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ဖမ်းဆီးခံနေရသော မြန်မာရွှေ့ပြောင်း လုပ်သား ၂၂၉၄ ဦးရှိရာ ယခုအကြိမ် သည် ၁၁ ကြိမ်မြောက် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။ ကျန်ရှိ နေသေးသော မြန်မာလုပ်သား များအား မလေးရှား နိုင်ငံရှိ မြန်မာသံရုံးများ က ထိန်းသိမ်းရေး စခန်းများတွင် သွားရောက် စစ်ဆေးကာ ပြန်လည် ခေါ်ယူနိုင်ရန် အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.