Connect with us

Culture & Entertainment

မြန်မာ့ရုပ်ရှင် ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဟု ပြန်ကြားရေး ဝန်ကြီးပြော

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာ့ရုပ်ရှင် လုပ်ငန်း ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးသွားမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

“မြန်မာ့ ရုပ်ရှင်လုပ်ငန်း ပြည်တွင်း၌ ဦးမော့လာရုံသာမက ပြည်ပဈေးကွက်သို့ပါ ထိုးဖောက်နိုင်ရန် ရုပ်ရှင်ဥပဒေ တစ်ခုပေါ်ထွန်းရေး မဖြစ်မနေ လိုအပ်ပါတယ်၊ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရုပ်ရှင် ဥပဒေ ရေးဆွဲရေး အပါအဝင် လိုအပ်တဲ့ အကူအညီများနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ သက်ဆိုင်ရာ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီးဌာနများနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဖေမြင့်က ပြောခဲ့သည်။

တွံတေး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏ “မြန်မာ့ ရုပ်ရှင်လုပ်ငန်း ပြည်တွင်း၌ ဦးမော့လာရုံသာမက ပြည်ပ ဈေးကွက်သို့ပါ ထိုးဖောက် ဝင်ရောက်နိုင်ရေး အတွက် နိုင်ငံတော် အစိုးရက မြန်မာ့ ရုပ်ရှင်လောကသားများအား ထိထိရောက်ရောက် ကူညီ ပံ့ပိုးရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းကို ဖြေကြားရာတွင် ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင် ဥပဒေ ရေးဆွဲခြင်းနှင့် ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်တွင် ဥပဒေ မူကြမ်းကို စတင် ရေးဆွဲခဲ့ကြောင်း ၊ ထိုဥပဒေကြမ်းကို အခြေခံကာ နိုင်ငံတကာ ရုပ်ရှင် ဥပဒေများနှင့် အံဝင်နိုင်မည့် ဥပဒေ တစ်ရပ် ရေးဆွဲခဲ့ပြီး ၂၀၁၆ ဖေဖော်ဝါရီ ၂၇ ရက်တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြား သက်ဆိုင်သူများကို ဖိတ်ကြား၍ ရှင်းလင်း တင်ပြထားပြီး ဖြစ်ကြောင်းနှင့် လက်ရှိ အခြေအနေမှာ ထိုဥပဒေကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ပြန်လည် စိစစ် သုံးသပ်လျက် ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.