ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့် ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ခိုးကူးခွေ ရောင်းချသူများကို ရာဇဝတ်ပုဒ်မမျာနှင့် အရေးယူနိုင်သော ဂီတ မူပိုင်ခွင့် ညွှန်ကြားလွှာကို မြန်မာ့ဂီတ အစည်းအရုံးက ပြင်ဆင်နေကြောင်း အဆိုပါ အစည်းအရုံးထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဇူလိုင်၂၈ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ပထမ (၁၀) ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
မိုင်ဂျာယန် ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး တတိယနေ့ဇူလိုင် ၂၈ ရက်တွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ ကာကွယ်ရေး နှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အခြေခံမူများအား တင်သွင်း ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်...
မိုင်ဂျာယန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ မိုင်ဂျာယန်၌ ကျင်းပလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာ စုံညီ အစည်းအဝေး ဒုတိယနေ့အပြီးတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည့် ဘုံသဘောထား ရပ်တည်ချက် အခြေခံမူများ ရရှိခဲ့ကြောင်း ကျင်းပရေး ကော်မတီ ဒုတိယ...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အာရှဘောလုံး အဖွဲ့ချုပ် (AFC) ကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူများသည် ကလပ်အသင်းများ၏ ကိစ္စရပ်များ လာရောက် စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၁,၇၀၀ ဘီလီယံ ထုတ်ချေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) လာအို နိုင်ငံ ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများအား တက်ရောက်ခဲ့သော ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီ အချိန် တိုင်းထွာချက်များ အရ ဧရာဝတီ မြစ်ရေသည် သပိတ်ကျင်း မြို့တွင် (၁) ပေခွဲခန့်၊ မြင်းမူမြို့နှင့် ပခုက္ကူမြို့တို့တွင် (၁) ပေခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအောက်တွင် ရောက်ရှိနေကြောင်း၊...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၊ ဘယ်လာဝမ်၌ ရောက်ရှိနေသည့် လူကုန်ကူး ခံရသူ မြန်မာ နိုင်ငံသားရေလုပ်သား ၁၄ ဦးသည် ထိုင်း လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ လာကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။