Connect with us

Politics, Law & Military

ကျပ်သိန်း ၆၅၀ ကျော်တန်ဖိုးရှိတရားမဝင်သယ်ဆောင်လာသောသစ်များ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့်သစ်ကားအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းသည်နယ်မြေ လုံခြုံရေးဆောင်ရွက်စဉ်ပန်ကေတုကျေးရွာအနီးရှိလဲချား-မိုင်းကိုင်-ပန်ကေတု ကျေးသီးသွားကားလမ်းပေါ်တွင်ကျပ်သိန်း၆၅၀ကျော်တန်ဖိုးရှိတရားမဝင်သယ်ဆောင်လာသောသစ်များ ဖမ်းဆီးရမိကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်ဘက်မှ ယာဉ်မောင်း ဦးအုံးကျော်(ဘ)ဦးကျော်ထွေး
မောင်းနှင်၍ ယာဉ်ပိုင်ရှင် ဦးအိုက်စိုင်း(ဘ)ဦးခင်မင် လိုက်ပါလာသည့် နစ်ဆန်း အမျိုးအစား ၁၂ ဘီးယာဉ် ယာဉ်အမှတ်၊ 2B/—–၊ ယာဉ်မောင်း ဦးအားတီ(ဘ) ဦးစင်းဟုတ် မောင်းနှင်လာသည့် နစ်ဆန်းအမျိုးအစား ၁၀ ဘီးယာဉ် ယာဉ်အမှတ်၊ 9A/—–နှင့် ယာဉ်မောင်း ဦးစိုင်းရွှေအေး(ဘ)ဦးအောင်ထွန်း မောင်းနှင်လာသည့် နစ်ဆန်းအမျိုးအစား ၁၂ ဘီးယာဉ် ယာဉ်အမှတ်၊ 8F/—–တို့အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်မှ ပိတောက်/တမလန်းသစ်လုံးခွဲသားဆိုဒ်စုံ ၁၀ တန်ခန့်စီစုစုပေါင်း ၃၀ တန်ခန့် ကာလတန်ဖိုးကျပ်သိန်း ၆၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသူများ၊ သစ်များနှင့်ယာဉ်များအား မိုင်းကိုင်မြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရုံးနှင့် မိုင်းကိုင်မြို့သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.