ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား ၈၃ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၆၃ ဦးပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းမှ ထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာ တစ်နိုင်ငံလုံး၌ သြင်္ကန် လေးရက်အတွင်း အမှုပေါင်း ၁၈၉ မှု ဖြစ်ပွားပြီး လူ ၃၂ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၂၃၅ ဦး ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ရန်ကုန်၊ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ကြီး ပြီးဆုံးသွားပြီးနောက် ၎င်းပွဲတော်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ ဝန်ထမ်းများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ နိုင်ငံသူ နိုင်ငံသားများအား ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်လွှာတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ယခုနှစ်သစ်နှင့် နောင်လာမည့် နှစ်များဟာ ပိုမိုမြင့်မားတဲ့အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်မည်ဟု ပြည်သူများ ယုံကြည်လျက်ရှိကြောင်း ၊ ထိုကဲ့သို့ အောင်မြင်မှုများရရှိစေရန် နိုင်ငံသူနိုင်ငံသားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုများ အထူးလိုအပ်ကြောင်း နိုင်ငံတော် သမ္မတဦးထင်ကျော်က ယနေ့ ပြောကြားသော ၎င်း၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာတွင် ထည့်သွင်း...
ရန်ကုန်၊ ဧပြီ ၁၆ရက်(ဆင်ဟွာ) ယခုနှစ်နွေသည် အယ်နီညိုကျရောက်သည့် အပူလွန်ကဲသည့် နှစ်တစ်နှစ်ဖြစ်သလို ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းများလည်း မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှသတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်မဟာသြင်္ကန် အတက်နေ့ နောက်ဆုံးနေ့တွင် ရေကစားကြသူများ ဘေးကင်းလုံခြုံမှုရှိစေရန် နှင့် နယ်မြေအတွင်း မှုခင်းများမဖြစ်ပွားစေရေးအတွက် မော်တော်ယာဉ်လှည့်ကင်း၊ စက်ဘီးလှည့်ကင်းများဖြင့် အင်အားဖြည့်ဆောင်ရွက် လျက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ရန်ကုန်၊ ဧပြီ၁၆ရက် (ဆင်ဟွာ) ဒေါ်အောင်ဆန်းစုကြည်သည် သြင်္ကန်အတက်နေ့(၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်) နံနက် ၉ နာရီခန့်တွင် ဘယ်ဘက်မျက်လုံး အတွင်းတိမ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ၁၄ရက်(ဆင်ဟွာ) သြင်္ကန်အကျနေ့(ဧပြီ ၁၃ ရက်)တွင် နိုင်ငံတစ်ဝန်း၌ အမှုပေါင်း ၄၅ မှုဖြစ်ပွားပြီး လေးဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ယမန်နှစ် အလား တူကာလကထက် အမှုသုံးမှု၊ သေဆုံးသူတစ်ဦး ပိုမိုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိသူအရေအတွက်မှာ ငါးဦးလျော့နည်းကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှသတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ၁၅ရက် (ဆင်ဟွာ) ဧပြီ ၁၃ ရက် (သြင်္ကန်အကျနေ့) မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ ခန့် တွင် နေပြည်တော်မှ လယ်ဝေးမြို့နယ် ကုန်းပေါ်စုရွာသို့ မောင်းနှင်လာသည့် သြင်္ကန်အလည်အပတ်ယာဉ် ဖောအမျိုးအစားကားတစ်စီးသည် နိဗ္ဗာန်လမ်း ပေါ်၌ အရှိန်လွန်တိမ်းမှောက်သွားရာ ယာဉ်ပေါ်လိုက်ပါ လာသည့် ကုန်းပေါ်စု...
ရန်ကုန်၊ဧပြီ၁၄ရက်(ဆင်ဟွာ) ဧပြီလ ၁၃ရက်နေ့တွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ ဧပြီလ ၁၄ ရက်နေ့ (၁၂း၁၁း၅၁) နာရီတွင် အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီမှ သတင်းရရှိသည်။