Connect with us

Politics, Law & Military

နိုင်ငံရေး အနှစ်သာရ ပြည့်ဝစွာဖြင့် အာဇာနည်နေ့အခမ်းအနား ကျင်းပသွားမည်

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး ၌ အာဇာနည်နေ့ အတွက် ပြင်ဆင်ထားမှုများအား ကြည့်ရှုနေစဉ် (ဓာတ်ပုံ-ဦးဖြိုးမင်းသိန်း Facebook)

ရန်ကုန် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံရေး အနှစ်သာရပြည့်ဝစွာ ကျင်းပသွား မည်ဖြစ်ပြီး အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံမှ ဥသြဆွဲ အချက် ပေးမည် ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

အာဇာနည်နေ့အခမ်းအနားသည် လွတ်လပ်ရေးကို အသက်ပေး ရယူပေးခဲ့ သည့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ကျေးဇူးတရားများကို ထာဝစဉ် သတိရနေရန် ကျင်းပရ ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေး ရယူနိုင်ရန် အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ရင်းနှီး ပေးဆပ်ခဲ့ရသည်များကို လူငယ် လူရွယ်များနှင့် ပြည်သူတစ်ရပ်လုံး သိရှိနိုင်ရေးနှင့် မျိုးချစ် စိတ်ဓာတ် ရှင်သန်ရေး တို့ကို ရည်ရွယ် ကျင်းပ ရခြင်း ဖြစ်ကြောင်း သိရသည်။

အာဇာနည်ဗိမာန် ပြင်ဆင်ထားမှုများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်က သွားရောက်ကြည့်ရှုခဲ့စဉ် (ဓာတ်ပုံ-ဦးဖြိုးမင်းသိန်း Facebook)

အာဇာနည်ဗိမာန်တွင် ကြွေလွင့်လာ သော ကြယ်တစ်ပွင့်အား ပုံဖော်ထားရှိမှုအား တွေ့ရစဉ် (ဓာတ်ပုံ- ဦးဖြိုးမင်းသိန်း Facebook)

ယခုအချိန်တွင် အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက် ပြုပြင် မွမ်းမံ ဆောင်ရွက်မှုများ ပြုလုပ် ထားရှိပြီး အာဇာနည်ဗိမာန်တွင် ကြွေလွင့်လာ သော ကြယ်တစ်ပွင့်အား ပုံဖော် ဆောင်ရွက်ထားပြီး အာဇာနည်ကိုးဦး၏ မော်ကွန်းကမ္ပည်း ကြေးပြား တပ်ဆင်ရန် အုတ်ခုံများ ပြုလုပ်ထား ရှိသည့် အပြင် ဗိမာန်သွားရာ လမ်းတစ်လျှောက်တွင် ဗိုလ်ချုပ်၏ အဆိုအမိန့်များနှင့် အာဇာနည် ကိုးဦး၏ ကိုယ်ရေးအကျဉ်းများကို ပုံဖော် ဖန်တီးပြသ သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.