Connect with us

Politics, Law & Military

မြန်မာနိုင်ငံမှ နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ်သို့ အတည်ပြု ပါဝင်နိုင်ရန် လေ့လာ ဆောင်ရွက်

နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်သို့ ၁၉၉၆ ခုနှစ်တွင် လက်မှတ်ရေးထိုးထားပြီး အတည်ပြု ပါဝင်နိုင်ရန် လေ့လာဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ်ပါ ကတိ ကဝတ်များ ၊ လိုက်နာ ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ၊ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ပိုမို နားလည်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများသည် နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ် (Comprehensive Nuclear-Test-Ban Treaty) ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအလုပ်ရုံ ဆွေးနွေးပွဲအား နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ် ဆိုင်ရာ အဖွဲ့ (Comprehensive Nuclear-Test-Ban Treaty Organization) နှင့် ရန်ကုန်မြို့ရှိ သြစတြေးလျ သံရုံးတို့ ပူးပေါင်း၍ ဇူလိုင်လ ၆ ရက်မှ ၇ ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117