Connect with us

Politics, Law & Military

မောင်တောခရိုင်၌ ညမထွက်ရအမိန့် ထပ်မံပြင်ဆင် ထုတ်ပြန်

မောင်တောမြို့အတွင်းရှိ နာရီစင်အားတွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြား စောင့်ရဲတပ်ဖွဲ့ (ကျီးကန်းပြင်)၊ ငါးခူရနယ်မြေရုံး၊ ကိုးတန်ကောက်ရဲကင်းစခန်းတို့အား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ထပ်မံပြင်ဆင်ထုတ်ပြန်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။

အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် မောင်တောခရိုင်အတွင်း ဒေသပိုမို တည် ငြိမ်အေးချမ်းရေး အတွက် အများ ပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ငါးဦးသို့မဟုတ် ငါးဦးထက်ပိုသော လူများစုဝေး ခြင်းမပြုရန်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ဒီဇင်ဘာ ၉ ရက်မှစ၍ နှစ်လပြည့် မြောက်သည့်နေ့အထိ ရာဇဝတ် ကျင့်ထုံးပုဒ်မ ၁၄၄ အရ ထပ်မံ၍ ပြင်ဆင်ထုတ်ပြန် ထားကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှု မဖြစ်ခင်က ည ၁၁ နာရီမှနံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ပြဿနာ ဖြစ်ပွားပြီး နောက် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိကို ညမထွက်ရ အချိန်အဖြစ် သတ်မှတ် ထားခဲ့သည်။

ယင်းညမထွက်ရ အမိန့်ကို ဖောက်ဖျက် ကျူးလွန်ပါက မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ပြီး ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရတစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝ စီဒဏ်ငွေ ကျခံရနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.