Connect with us

Politics, Law & Military

သီပေါမင်းနတ်ပြည်စံသက် နှစ် ၁၀၀ ပြည့် အလှူအခမ်းအနားတက်ရောက်ရန် ဒုတိယ သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ အိန္ဒိယသမ္မတနိုင်ငံသို့ထွက်ခွာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒုတိယ သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ အိန္ဒိယသမ္မတနိုင်ငံသို့ထွက်ခွာစဉ် (ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယသမ္မတနိုင်ငံတွင် ကျင်းပမည့် မြန်မာနိုင်ငံ၏နောက်ဆုံးမင်းဆက် သီပေါ မင်းနတ်ပြည်စံသက် နှစ် ၁၀၀ ပြည့် အလှူအခမ်းအနား တက်ရောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ အိန္ဒိယသမ္မတနိုင်ငံသို့ထွက်ခွာသွားကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် ဒုတိယ သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် အတူ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ သီပေါမင်း၏မြစ်တော် ဦးစိုးဝင်း နှင့် သီပေါမင်း၏ ဆွေတော်မျိုးတော်များ၊ တာဝန်ရှိသူများလိုက်ပါသည့် မြန်မာကိုယ်စားလှယ် အဖွဲ့ သည် ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.