Connect with us

Politics, Law & Military

မောင်တောမြို့၌ ကျပ် ၅,၆၅၅သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများ တွေ့ရစဉ်(ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ်၊ (၃)မိုင်ရပ် ကွက်၊ (၃)မိုင်-ကျီးကန်ပြင်သွားလမ်းမပေါ်တွင် ကျပ် ၅,၆၅၅သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၄၆)(မောင်တော)မှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ အောက်တိုဘာ ၅ ရက်တွင် သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် အမျိုးသား ၃ ဦး မောင်း နှင်လာသည့် ဆိုင်ကယ် ၂ စီးမှာ ပူးပေါင်းအဖွဲ့အား တွေ့ရှိ၍ ဆိုင်ကယ် ၁ စီးနှင့် ဆာလာအိတ် ၂ အိတ်ထားပြီး ထွက်ပြေးသွားသဖြင့် ကျန်ရစ်ခဲ့သည့် အထုပ်များအား ရှာဖွေစစ်ဆေးရာ WY နှင့် R စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၈၂,၇၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ၅,၆၅၅ သိန်းကျပ်)နှင့် ဆိုင်ကယ် ၁ စီးအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်သွားသော အမျိုးသား ၃ ဦးအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေး ရှာဖွေ ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူရန် ပြင်ဖြူ နယ်မြေရဲစခန်း မယ(ပ)၂၇/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ၁၉(က)အရ အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)