Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော် အပိုင်းက ဆောင်ရွက်နေမှုများ ဆွေးနွေး

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့တို့တွေပေဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော် အပိုင်းက ဆောင်ရွက်နေမှုများအား မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့တို့သည် အောက်တိုဘာ ၆ရက် ညနေ (၄)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးစဉ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့မှုနှင့် အရေးယူဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ARSA အကြမ်းဖက် အဖွဲ့၏ လုပ်ဆောင်မှု အခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ UNDP ၊ UNHCR တို့နှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော် အပိုင်းက ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

ယင်းတွ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး Ambassador H.E. Ms. Rosario Manalo နှင့်အတူ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြသိန်း၊ Ambassador H.E. Mr. Kenzo Oshima ၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117