Connect with us

Politics, Law & Military

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အထိုက်အလျောက်အောင်မြင်မှု ရှိပြီး အခြေခံ အုတ်မြစ် ပြည့်စုံမှသာ ရေရှည် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွှက်နိုင်မည်ဟုဆို

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုသည် အထိုက်အလျောက်အောင်မြင်မှု ရှိပြီး ကော်မရှင်သည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတင်ပြဋ္ဌာန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ် သည့်အတွက် အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာချနေရသည့် အချိန်ဖြစ်ပြီး အခြေခံ အုတ်မြစ်ပြည့်စုံမှသာ ရေရှည်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ဥက္ကဋ္ဌ ဦးမြဝင်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ဖြေကြားခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တိုင်စာ များကို တိုက်ရိုက်စစ်ဆေးတရားစွဲဆို အရေးယူခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့များနှင့်လည်းကောင်း၊ ဌာနဆိုင်ရာ ကိစ္စရပ် များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လည်းကောင်း ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အပြင် ပြည်ထောင်စု ဝန်ကြီးဌာန ၃၀ ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များတည်ရှိသော မြို့ကြီးများ၊ ဝန်ထမ်း အဖွဲ့အစည်းများအား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ဟောပြောမှုများ ပြုလုပ် နိုင်ခဲ့ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက ရွှေပြည်သာ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ မေးမြန်းမှုကို ရှင်းလင်း ဖြေကြားခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်စတင်ဖွဲ့စည်းသည့်နေ့မှ စတင်၍ ယနေ့အထိ တရားစွဲဆို အရေးယူခဲ့သည့် ပုဂ္ဂိုလ် ကိုးဦး၊ ဝန်ထမ်းစည်းကမ်းစည်းမျဉ်းအရ အရေးယူခဲ့သည့် ပုဂ္ဂိုလ် ၁၂၅ ဦး နှင့် စုံစမ်းစစ်ဆေးနေဆဲ ကိစ္စရပ် သုံးခုရှိကြောင်း ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပို့ ဖြေရှင်းဆောင်ရွက်ပေးခြင်းကြောင့် ပြေလည်ခဲ့သည့် ကိစ္စရပ် ၃၁ ခုရှိ ကြောင်းနှင့် နိုင်ငံတော်ကို ပြန်လည်သွင်းငွေပေါင်းမှာ ကျပ် ၂၀၆၈၅၀၀၀ ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက ရှင်းလင်း ဖြေကြားခဲ့သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.