Connect with us

Politics, Law & Military

စိတ်ကြွရူးသွပ်ဆေးပြား ၂ . ၆ သိန်း သယ်ဆောင်လာသူ မူးယစ်တရားခံပြေးအား ပဲခူးမြို့နယ် ကမာနတ်ကျေးရွာတွင် ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြား ၂ . ၆ သိန်း သယ်ဆောင်လာသူ မူးယစ်တရားခံပြေးအားမြင်တွေ့ရစဉ် (ဓါတ်ပုံ-M.O.I )

ရန်ကုန်၊နိုဝင်ဘာ၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အတွင်း တရား မဝင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ . ၆ သိန်း သယ်ဆောင်ရန် ကြိုးစားသူ ဝေယံထွန်းအား ဆိုင်ကယ်တစ်စီး ဖြင့် ထွက်ပြေးနေစဉ် ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ တွင် ဖမ်းဆီး ရမိခဲ့ကာ စစ်ဆေးဆောင် ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား ထိုင်းနိုင်ငံ မဲဆောက်ဘက် ခြမ်းတွင် တာဝန်ကျ ပူးပေါင်း အဖွဲ့သည် ယာဉ်အမှတ် 4C/ — မှန်လုံယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ ရာ ယာဉ်ပေါ်တွင်ပါလာသည့် ခရီး ဆောင်အိတ် ၂ဝ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂ . ၆ သိန်း နှင့်အတူ ဝေယံထွန်းအမည်ဖြင့် ပတ်စ်ပို့စာအုပ်တို့ကို သိမ်းဆည်း ရမိခဲ့သည့်အတွက် ထိုင်းနိုင်ငံအတွင်း တရား မဝင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်သူအား ဖမ်းဆီးရမိ ရေး ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝရမ်း ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၂ဝ ရက်က တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်၏ လမ်းညွှန်မှု၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှဦး၏ ကြီးကြပ် မှုဖြင့် မူးယစ်တပ်ဖွဲ့နှင့် ပူးပေါင်း အဖွဲ့တို့သည် ဝေယံထွန်း(၂၈ နှစ်) ဈေးပိုင်းရပ်ကွက် သနပ်ပင်မြို့နေသူ အား သတင်းအရ နေအိမ်၌ ဝင်ရောက် ဖမ်းဆီးခဲ့သည်။

ထိုသို့ သွားရောက်ဖမ်းဆီးရာ ဝေယံထွန်းသည် ဆိုင်ကယ်တစ်စီး ဖြင့် ထွက်ပြေးခဲ့ပြီး နံနက် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ပဲခူးမြို့နယ် ကမာနတ်ကျေးရွာတွင် ဖမ်းဆီး ရမိခဲ့ကာ စစ်ဆေးဆောင် ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117