Connect with us

Politics, Law & Military

ထီအစောင်ရေ ၁၄,၁၃၅ စောင် မရောင်းချမီ ပျောက်ဆုံးသွားကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ကြေညာ

အောင်ဘာလေ သိန်းဆု ဌာနခွဲ၏ ကြေညာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ- Internal Revenue Department)

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၃ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက်ထီလက်မှတ်များ ဖြန့်ချိရာတွင် ထီစာအုပ် ၁,၂၈၅အုပ် (၁၄,၁၃၅ စောင်) ပျောက်ဆုံးသွားကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ဇန်နဝါရီ ၁၀ ရက်စွဲဖြင့် ကြေညာခဲ့သည်။

ထီလက်မှတ်များ ဖြန့်ချိရာတွင် အောင်ဘာလေ သိန်းဆု ဌာနခွဲ(မန္တလေး ရုံးခွဲ)မှ မကွေး တိုင်းဒေသကြီးသို့ ဖြန့်ချိ သော ထီစာအုပ်များ အနက် ထီစာအုပ် ၁,၂၈၅ အုပ် (၁၄,၁၃၅ စောင်) သည် မကွေး တိုင်းဒေသကြီး ပွင့်ဖြူ မြို့ သို့စာတိုက်ချောဖြင့် ပို့ဆောင်ခဲ့ရာ လမ်းခရီးတွင် ပျောက်ဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။

ထိုပျောက်ဆုံးသွားသည့် ထီစာအုပ် ၁,၂၈၅ အုပ်သည် အောင်ဘာလေ သိန်းဆု ဌာနခွဲမှ မရောင်းချရသေးသည့် ထီစာအုပ်များ ဖြစ်ကြောင်း ကြေညာခဲ့သည်။၂၃ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် အဆိုပါ ထီလက်မှတ် နံပါတ်များမှ ဆုမဲများ ထွက်ပေါ် လာပါက အထူးဆုကြီး စနစ်နှင့် ဆုတစ်ဆုချင်း စနစ်တွင် ဖြစ်လျှင် ရောင်းချရသည့် ထီလက်မှတ် ဂဏန်းထွက်ပေါ်လာသည်အထိ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး၊ ဝေေ၀ဆာဆာပဒေသာ ဆုမဲစနစ်တွင် ဖြစ်လျှင် ဆုမဲတန်ဖိုး စုစုပေါင်းအတွက် ဖွင့်လှစ်ပေးမည့် ဆုမဲများ ကြေညာ၍ အစားထိုး ပြန်လည် ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.