Connect with us

Politics, Law & Military

တရုတ် – မြန်မာ နယ်စပ် ကျိန်စန်းကျော့ ဂိတ် ပြန်လည်ဖွင့်လှစ်

မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်စည်များသယ်ဆောင်လာသော မော်တော်ယာဉ်တန်း အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက် နေ့အထိ ပိတ်ထားခဲ့သောတရုတ်-မြန်မာ နယ်စပ်ရှိ ကျိန်စန်းကျော့ဂိတ်ကို ယနေ့နံနက် ၉ း ၀၀ နာရီတွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ပြောခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာနတို့နှင့် တရုတ်နိုင်ငံသံရုံးဘက်မှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းခဲ့ပြီး ယနေ့နံနက်၌ ယာယီသဘော ပြန်ဖွင့်လိုက်ခြင်းဖြစ်ကြောင်း၊ ရေရှည် ဆက်လက်ဖွင့်နိုင်ရေးအတွက်ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖုန်းဖြင့် ပြောကြားခဲ့သည်။

ကုန်စည်များစစ်ဆေးဖြတ်သန်းခွင့်ပြုချိန်များကိုလည်း ယခင်က မြန်မာဘက်ဂိတ်မှနံနက် ၆း၃၀ နာရီ မှ ညနေ ၄း၃၀ နာရီ အထိခွင့်ပြုခဲ့ရာမှယခုနံနက် ၆း၃၀ နာရီ မှ ညနေ ၆ း ၀၀နာရီ အထိလည်းကောင်း၊တရုတ်နိုင်ငံ မန့်မန်ဂိတ်ဘက်မှ တရုတ်နိုင်ငံ စံတော်ချိန် နံနက် ၈ း ၀၀ နာရီမှ ညနေ ၇ း ၃၀ နာရီသို့ လည်းကောင်း တိုးမြှင့်ပေးထားကြောင်း၊ ကုန်ကားလမ်းများအားလည်း ယခင် နှစ်လမ်းသွားမှ ယခု လေးလမ်းသွားအထိ တိုးချဲ့ထားကြောင်း ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံဘက်မှ တင်ပို့သော သီးနှံကားများမှာ ကြူကုတ်၊ ပန်ဆိုင်း၊ ဝမ်တိန် ဂိတ်များမှ ယခင်က ပို့ခဲ့ပြီး ကားစီးရေများပြားမှုကြောင့် ကားစီးရေ အများအပြားဝင်နိုင်သော ကျိန်စန်းကျော့ဂိတ်ကို ၂၀၁၅ ခုနှစ်တွင် စတင်ပြီး ယာယီဖွင့်လှစ်ပေးခဲ့ကြောင်း၊ အဆိုပါ ဂိတ်၏ တရုတ်နိုင်ငံဘက်အခြမ်းသည် မန့်မန် ဂိတ်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် လုံခြုံရေး အခြေအနေအရ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ သီးနှံစိုက်တောင်သူများ ၊ ကုန်သည်များ ဆုံးရှုံးမှုများကြောင့် ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိုနှိုင်းပြီး ယနေ့ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းလည်း လက်ထောက်အတွင်းဝန်က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.