Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လုပ်ငန်း ၉ ခု ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ( ၁ / ၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၂၂၇ ဦး ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၉)ခု အား မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ( ၁ / ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုလုပ်ငန်းများတွင် အသားထုပ်ပိုးခြင်းလုပ်ငန်း ၊ ဆန်နှင့် ဆန် ဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူး ခြင်း လုပ်ငန်း၊ တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကြက်သားပေါက် ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်း၊ LPG တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ ကုန်လှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်မှု ဝန်ဆောင်မှုလုပ်ငန်းနှင့် မော်တော်ယာဉ် စက်ပြင်သင်တန်း ကျောင်း လုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ( ၁ / ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117