Connect with us

Politics, Law & Military

ပြည်ထောင်စု အခွန်ငွေ လျာထားချက်ထက် ကျော်လွန်ရရှိသော်လည်း အခွန်ဥပဒေ သက်ရောက်မှုကို ပြန်သုံးသပ်သင့် ဟုဆို

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွက် ပြည်ထောင်စု၏ အခွန် ကောက်ခံရရှိမှုသည် မူလ လျာထားချက်၏ ၁၁၈ ဒသမ ၉၈ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၂၅၄၈ ဒသမ ၄၀၁ ဘီလီယံ ရရှိခဲ့ကြောင်း၊ သို့ရာတွင် အခွန်ဥပဒေ၏ သက်ရောက်မှုကို ပြန်လည် လေ့လာ သုံးသပ်ရန် လိုအပ် ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့တင်ပြခဲ့သည်။

“၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အရက်နှင့် ဝိုင်အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံ ရရှိမှုမှာ ၂၀၁၆ နိုဝင်ဘာလအထိ ကျပ် ၅၈ ဒသမ ၂၈၁ ဘီလီယံဖြစ်ပြီး ၂၀၁၅ – ၁၆ ထက် များစွာ ပိုမို ရရှိခဲ့ပါတယ်၊ သို့ရာတွင် ၎င်းအခွန်ငွေသည် ယစ်မျိုးလိုင်စင် ၁၈၆ ဦးထံမှ ကောက်ခံ ရရှိငွေဖြစ်ရာ တစ်နိုင်ငံလုံးရှိ ယစ်မျိုး လိုင်စင်ပေါင်း လေးသောင်းကျော်နှင့် နှိုင်းယှဉ်ပါက များစွာ နည်းပါးနေသေးရာ အခွန် ဥပဒေ၏ သက်ရောက်မှုကို ပြန်လည် လေ့လာ သုံးသပ်ရန် လိုအပ်ပါတယ်” ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ အဖွဲ့ဝင် ၊ မော်လိုက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက ကော်မတီ ကိုယ်စား ပြည်ထောင်စု လွှတ်တော်သို့တင်ပြခဲ့သည်။ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အခွန်ငွေမှာ လျာထားချက်ထက် ကျော်လွန်ခဲ့သော်လည်း တစ်နှစ်လုံးအတွက် မူလ ခန့်မှန်းခြေ ကျပ် ၆၂၁၉ ဒသမ ၇၅၉ နှင့် နှိုင်းယှဉ်ပါက ၄၀ ဒသမ ၉၇ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ကို စိစစ် တွေ့ရှိရကြောင်းလည်း ကော်မတီက တင်ပြခဲ့သည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အခွန်ရငွေ စာရင်းများအရ အခွန် အမျိုးအစား ၂၀ မျိုးရှိသည့်အနက် ၁၆ မျိုးသည် လျာထားချက် ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိခဲ့ပြီး ကျန် လေးမျိုးတို့မှာ လျာထားချက် မပြည့်မီခဲ့ကြောင်း၊ လျာထားချက်ပြည့်မီသည့် ၁၆ မျိုးအနက် အခွန် လေးမျိုးတို့သည် ပထမ ခြောက်လပတ် လျာထားချက်ကိုသာမက တစ်နှစ်လုံး လျာထားချက်ကိုပါ ပြည့်မီ ကျော်လွန်ခဲ့ကြောင်း၊ ထို လေးမျိုးတို့မှာ (က) မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်း လိုင်စင်ဆိုင်ရာ အခငွေများ၊ (ခ) ခရီးလှည့်လည်ရေး လိုင်စင်၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ လိုင်စင်၊ ခရီးသွားလာသူများ ပို့ဆောင်ရေး လိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်းများ လိုင်စင်ကြေး၊ (ဂ) သစ်တောထွက် ပစ္စည်းများအတွက် သစ်တောခွန် ကောက်ခံငွေ နှင့် (ဃ) ငါးလုပ်ငန်း ဆိုင်ရာ အခွန်အခ တို့ဖြစ်ကြောင်းလည်း ကော်မတီက တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.