Connect with us

Politics, Law & Military

မောင်တောမြို့နယ်ရှိ လက်ခံရေးစခန်းများတွင် အကြမ်းဖက်သမားများ ပါဝင်ခြင်းမရှိအောင် စနစ်တကျ ဆောင်ရွက်ထားဟုဆို

ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် တည်ဆောက် ထားသည့် အိမ်ရာများကို ကြည့်ရှုစစ်ဆေးနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများတွင် လူမှားခြင်း၊ လူထပ်ခြင်း၊ အကြမ်းဖက်သမားများနှင့် အခြားသူများပါလာခြင်းများ လုံးဝမရှိအောင်စနစ်တကျစီစဉ် ဆောင်ရွက်ထားကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သား များ၏ဆန္ဒကို အလေးထားကြောင်း၊ နိုင်ငံသားအဖြစ် ခွင့်ပြုပေးသည့် နေရာတွင် ၁၉၈၂ ခုနှစ် ဥပဒေ နှင့်အညီ ဆောင်ရွက်နေကြောင်း၊ ပြန်လည် လက်ခံရေးကိစ္စများကိုလည်း ၁၉၉၃ ခုနှစ် သဘောတူညီချက်အတိုင်း အခြေခံပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ရခိုင်ပြည်သူများတွက် ထိခိုက်စရာလုံးဝမပါရှိကြောင်း ၎င်းကဆိုသည်။

UEHRD စီမံကိန်းဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဦးသိန်းဆွေ၊ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက် နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ မတ် ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်၌ ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် UEHRD ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေ ရှင်းလင်းပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အရေးကိစ္စကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကိုဆောင်ရွက်ခဲ့ကြောင်း၊ UEHRD ၏ လုပ်ငန်းတာဝန်တွင် ပြန်လည်လက်ခံ ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ပါဝင်ကြောင်း၊ ချက်ချင်းလုပ်ဆောင်နိုင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ချက်ချင်း အကောင်အထည် ဖော်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သည် ဇန်နဝါရီ ၂၃ ရက်မှစတင်၍ အသင့်အနေအထားအဖြစ် ရှိနေပြီဖြစ်ပြီး မြန်မာဘက်၌ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ရေလမ်းမှပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ငါးခူရ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ကြားစခန်းအဖြစ် လှဖိုးခေါင်စခန်းတို့ကို အသုံးပြု၍ စနစ်တကျ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.