Connect with us

Politics, Law & Military

လူကုန်ကူးရာမှ ရရှိငွေနှင့် ပစ္စည်းများအား ပိုမိုထိရောက်စွာ အရေးယူဖို့လိုအပ်

လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်နေ့ အခမ်းအနားတွင်နိုင်ငံတော် ဒုတိယ သမ္မတ(၂) ဦးဗန်ထီးယူက မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

လူကုန်ကူးရာမှ ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများအပေါ် အရေးယူမှုများကို ပိုမို ထိရောက်စွာ ဆောင်ရွက်ဖို့ လိုအပ်သည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ(၂) ဦးဗန်ထီးယူက လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်နေ့တွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံအနေနဲ့ ASEAN Convention Against Trafficking in Persons, Especially Women and Children ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်၊ ဒီ Convention ပါ ပြဌာန်း ချက်တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ အများစု ကိုက်ညီပြီး ဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်၊ သို့ရာတွင် လူကုန်ကူးရာမှ ရရှိတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူမှုတွေ ပိုမို ထိရောက်အောင် ဆောင်ရွက်ဖို့ လိုပါတယ်၊ ဒါမှသာ လူကုန်ကူးမှု ကွန်ယက်တွေကို အမြစ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်” ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့နံနက် ပြုလုပ်သော ပဉ္စမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့ နှစ်ပတ်လည် အခမ်းအနား၌ ဒုတိယ သမ္မတက ပြောခဲ့ခြင်း ဖြစ်သည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်နေ့အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်နေ့အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်နေ့အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်နေ့အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

မြန်မာနိုင်ငံသည် နယ်စပ်နိုင်ငံများနှင့် ဆက်စပ် ဖြစ်ပွားလျက်ရှိသည့် အဓမ္မ လက်ထပ်ထိမ်းမြားမှု၊ လုပ်အား ခေါင်းပုံဖြတ်မှု၊ အဓမ္မပြည့်တန်ဆာ ပြုမှု၊ အဓမ္မ သူတောင်းစား ပြုမှု၊ … စသည့် လူကုန်ကူးမှု ပုံစံမျိုးစုံတို့ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ လူကုန်ကူးမှုများကို ကာကွယ် တားဆီးတိုက်ဖျက်နိုင်ရန် တည်ဆဲ ဥပဒေများအား ပြင်ဆင် ရေးဆွဲ ပြဌာန်းခြင်း၊ တားဆီးကာကွယ်ရေး အဖွဲ့၊ နှိမ်နင်းရေး အဖွဲ့များ ဖွဲ့စည်းခြင်း တို့အပြင် ကဏ္ဍပေါင်းစုံ ပါဝင်သည့် စီမံကိန်းများ ရေးဆွဲပြီး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တတိယ ငါးနှစ် (၂၀၁၇ – ၂၀၂၁ )စီမံကိန်းကို အတည်ပြုခဲ့ရာ မူဝါဒနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ကြိုတင် ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ် စောင့်ရှောက် ရေး ဟူသည့် ကဏ္ဍ လေးရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးခံရသူများအား ကူညီထောက်ပံ့နိုင်ရန် သီးခြားရန်ပုံငွေ တစ်ရပ် ထူထောင်ဖို့ စတင် ဆောင်ရွက်လျက် ရှိကြောင်း၊ သီးခြား ရန်ပုံငွေ မထူထောင်နိုင်သေးသော်လည်း ကူညီ ထောက်ပံ့ပေးလျက်၇ှိကြောင်း သိရသည်။

“၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်အတွင်းမှာ လူကုန်ကူးခံရသူ ကျား – ၅၇၊ မ – ၂၉၁၊ ပေါင်း ၃၄၈ ဦးအတွက် ငွေကျပ် ၇၃,၃၅၀,၀၀၀ ထောက်ပံ့နိုင်ခဲ့ပါတယ်၊ လက်ရှိ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှာလည်း လူကုန်ကူး ခံရသူ ကျား – ၆ ၊ မ – ၂၃၊ ပေါင်း ၂၉ ဦးအတွက် ငွေကျပ် ၁၈,၇၀၀,၀၀၀ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ဒုတိယ သမ္မတက ပြောခဲ့သည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု ကာကွယ် တားဆီးရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ၂၀၁၆ စက်တင်ဘာမှ ၂၀၁၇ စက်တင်ဘာအတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးပေါင်း ၂၀၈ မှုရှိခဲ့ပြီး လူကုန်ကူးခံရသူ ကျား ၆၆ ဦး၊ မ – ၂၈၅ ဦး — စုစု ပေါင်း ၃၅၁ ဦး ရှိကြောင်းနှင့် ကျူးလွန်သူ ကျား – ၂၃၅ ဦး၊ မ – ၄၁၉ ဦး— စုစုပေါင်း ၆၅၄ တို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်းသိရသည်။

“လူကုန်ကူးမှု မှန်သမျှ ဝိုင်းဝန်း ပူးပေါင်း ဆန့်ကျင်ကြ” ဟူသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ယခုနှစ် ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ဒုတိယ ဝန်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ INGO များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ နိုင်ငံတော် ဒုတိယ သမ္မတက အဖွင့် မိန့်ခွန်း ပြောအပြီးတွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ကြိုးပမ်းအားထုတ်ခဲ့မှု ဗွီဒီယို မှတ်တမ်း ခွေအား ပြသခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.