နေပြည်တော်၊ မတ်လ ၁၁ ရက်(ဆင်ဟွာ) ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်လျှောက်ရန် ဆုံးဖြတ်ချက် ချထားကြောင်း RCSS ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးက ယနေ့ ပြောကြား သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း ၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူူူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် Global Grand Services(GGS) ကုမ္ပဏီမှ MDအပါအဝင် သုံးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ယနေ့အမှုဖွင့်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ငွေကျပ် ၂,၉၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ်၁၀ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်၌ တရားမဝင်ပိတောက်/အခြားသစ် ရောရာတန်(၄၀) သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ပုဏ္ဏကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေ ကားလမ်းမဘေးရှိ ယိုးတရုပ်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၉ ဦး ကျဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကစ္ဆပနဒီ စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက် စဉ် ဘူးသီးတောင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၁၄၀ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)တွင် မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် အားလုံး အခွန်ကင်းလွတ်ခွင့် တစ်ပြေးညီ ရရှိမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။