Connect with us

Politics, Law & Military

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ငွေကျပ်သိန်းပေါင်း ၅,၆၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

အင်ဒိုနီးရှားနိုင်ငံသားအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးအိုက်စ်များ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ငွေကျပ်သိန်းပေါင်း ၅,၆၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီ လ ၃၀ ရက် ဝရး၃၅ နာရီ၊ မူးယစ်တပ်ဖွဲ့စု(၄၅)ရန်ကုန်(လေဆိပ်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ပြည်ပထွက်ခွာ Terminal-1၊ Gate-3၊ X-Ray စက်၌ အင်ဒိုနီးရှားနိုင်ငံသား Mr. JONI KRISWANTO ၏ ခရီးဆောင်အိတ်ကို X-Ray စက်ဖြင့် စစ်ဆေးရှာဖွေရာ ၎င်း၏ခရီးဆောင်အိတ်အတွင်းမှ မူးယစ်ဆေးဝါးများဖြစ်သော အိုက်စ် ၅ . ၆ ကီလို ၊ ငွေ ၁၆၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အင်ဒိုနီးရှားနိုင်ငံသား Mr. JONI KRISWANTO (၃၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.